“ရုပ်ရှင်နှင့် ပတ်သက်တဲ့ လုပ်ငန်းအမျိုးအစား ၆ မျိုးကို လိုင်စင်လျှောက်ထားရမည်”
18 Dec
ရုပ်ရှင်နည်းဥပဒေများကို ပြင်ဆင်တဲ့ နည်းဥပဒေများကိုလည်း ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်က ထုတ်ပြန်ပြီး ရုပ်ရှင်လုပ်ငန်းအမျိုးအစား ၈ မျိုးအပြင် နောက်ထပ်လုပ်ငန်းလိုင်စင် လျှောက်ထားပြီးမှ လုပ်ကိုင်ဆောင်ရွက်ရမည့် လုပ်ငန်းအမျိုးအစား ၆ မျိုးကို ပြန်ကြားရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၁၇ ရက်မှာ အသိပေးထုတ်ပြန်ထားပါတယ်။ ရုပ်ရှင်သင်တန်းကျောင်းဖွင့်လှစ်ခြင်း၊ ရုပ်ရှင်ရိုက်ကူးရေးသုံးပစ္စည်းများဌားရမ်းခြင်း၊ ရုပ်ရှင်ထုတ်လုပ်ရေး ဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်ခြင်း၊ ရုပ်ရှင်စတူဒီယို(studio)တည်ထောင်လုပ်ကိုင်ခြင်း၊ ရုပ်ရှင်ကားအရုပ်၊ အသံကူးပြောင်းမှုနှင့် အထူးပြုလုပ်ချက်များဆောင်ရွက်ခြင်း၊ အွန်လိုင်းရုပ်ရှင်ရုံတည်ထောင်ခြင်း၊ အက်ပလီကေးရှင်း များအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်း၊ အွန်လိုင်းပလက်ဖောင်းများအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်း များကို ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှာ လျှောက်ထားရမှာဖြစ်ပါတယ်။ အဆိုပါ လုပ်ငန်းလိုင်စင်များကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပြန်ကြားရေးဦးစီးဌာနများသို့ လျှောက်ထားရမှာဖြစ်ပြီး အသေးစိတ်အချက်အလက်များကို ပြန်ကြားရေးနှင့်ပြည့်သူဆက်ဆံရေးရုံးသို့ စုံစမ်းမေးမြန်း နိုင်ကြောင်း သိရပါတယ်။ (NVS 004)