“ရွေးကောက်ပွဲတတိယပိုင်းကို မြို့နယ် ၇၂ မြို့မှာ ကျင်းပမည်”

18 Dec

ရွေးကောက်ပွဲတတိယပိုင်းကို မြို့နယ် ၇၂ မြို့မှာ ကျင်းပမည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က ပြောကြားခဲ့ပါတယ်။ ကချင်ပြည်နယ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မြစ်ကြီးနားတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဒီဇင်ဘာလ ၁၆ ရက် က တွေ့ဆုံရာ၌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။ ထိုနည်းတူ ကြားဖြတ်ရွေးကောက်ပွဲအဖြစ်ကျန်ရှိမည့် မြို့နယ် ၅၆ မြို့နယ်ကိုလည်း အတတ်နိုင်ဆုံး ရွေးကောက်ပွဲပြုလုပ်ပေးရန် စီစဉ်ရည်ရွယ်ထားတယ်လို့လည်း ပြောကြားခဲ့ပါတယ်။ (NVS 004)

18 Dec

ADVERTISE HERE .