“ဒီဇင်ဘာရုံးပိတ်ရက်ကာလအတွင်း ရန်ကုန်-နေပြည်တော် အစုန်/အဆန် အထူးရထားများ တိုးချဲ့ပြေးဆွဲမည်”

18 Dec

လာမည့် ဒီဇင်ဘာရုံးပိတ်ရက်ကာလအတွင်း ခရီးသွားပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ အဆင်ပြေစွာ ခရီးသွားလာနိုင်ရန်အတွက် ရန်ကုန်-နေပြည်တော် လမ်းပိုင်းအတွင်း အစုန်/အဆန် အထူးရထားများ တိုးချဲ့ပြေးဆွဲ သွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားကနေ သိရပါတယ်။ တိုးချဲ့ပြေးဆွဲပေးမည့် ရထားများမှာလည်း ခေတ်မီလေအေးပေးစက်ပါ DEMU (စပိန်) တွဲဆိုင်းသစ်များဖြစ်ပြီး ရထားလက်မှတ်ခနှုန်းထားနှင့် ရပ်တန့်မည့်ဘူတာများမှာ နေ့စဉ်ပုံမှန်ပြေးဆွဲပေးလျက်ရှိသည့် DEMU ရထား ခရီးစဉ်များအတိုင်းဖြစ်ပါတယ်။ ဒါ့အပြင် လက်မှတ်များကို မိမိတို့သွားရောက်လိုသည့် ခရီးစဉ်များအတိုင်း ငါးရက်ကြိုတင်၍ တယ်လီဖုန်းဖြင့် ကြိုတင်မှာယူပြီး MMQR စနစ်ဖြင့် အွန်လိုင်းမှ ငွေပေးချေ၍လည်းကောင်း၊ သက်ဆိုင်ရာဘူတာများတွင် အထက်တန်း လက်မှတ်ကို သုံးရက်နှင့် ရိုးရိုးတန်းလက်မှတ်ကို တစ်ရက်ကြိုတင်၍ ဝယ်ယူနိုင်ကြောင်းနှင့် နောင်လာမယ့် ရုံးပိတ်ရက်ရှည်များတွင်လည်း အထူးရထားများ တိုးချဲ့ပြေးဆွဲပေးသွားမယ်လို့ သိရပါတယ်။ (NVS 004)

18 Dec

ADVERTISE HERE .