“မန္တလေးတက္ကသိုလ် ရာပြည့်အထိမ်းအမှတ် အထူးထုတ်စာပို့တံဆိပ်ခေါင်းသစ် ရောင်းချမည်”

18 Dec

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ မန္တလေးတက္ကသိုလ် နှစ်(၁၀၀)ပြည့် ရာပြည့်သဘင်အထိမ်းအမှတ်အဖြစ် ၂၀၀ ကျပ်တန် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် တစ်မျိုးကို ဒီဇင်ဘာလ ၂၁ ရက်တွင် စတင်ပြီး ရောင်းချပေးမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ တံဆိပ်ခေါင်းသစ်ကို နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တစ်ပြိုင်တည်းရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ အထူးအစီအစဉ်တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့မှာ စတင်ရောင်းချမည့် ဒီဇင်ဘာလ ၂၁ ရက်တွင် ဝယ်ယူတဲ့ စာပို့တံဆိပ်ခေါင်းများပေါ်မှာ နေ့စွဲအမှတ်အသား တံဆိပ်ရိုက် နှိပ်ပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)

18 Dec

ADVERTISE HERE .