“ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်တွင် ရှယ်ယာကုမ္ပဏီ ၇ ခုထိ ရှိလာ”

18 Dec

ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်မှာ ရှယ်ယာတင်ရောင်းနေသော ကုမ္ပဏီများတွင် စွမ်းအင်၊ ဘဏ်၊ ကုန်စည် ပို့ဆောင်ရေး၊ နည်းပညာကုမ္ပဏီကြီးများ ပါဝင်ပြီး လယ်ယာနှင့်ပတ်သက်သည့် ကုမ္ပဏီတစ်ခု ဝင်ရောက် လာတဲ့အတွက် ရှယ်ယာကုမ္ပဏီ ၇ ခုအထိ ရှိလာပြီဖြစ်ပါတယ်။ ဒီဇင်ဘာလ ၁၇ ရက်က အများပိုင်ကုမ္ပဏီ Good Brothers Co., ltd အောက်ရှိ လယ်ယာဝန်ဆောင်မှုများ ဆောင်ရွက်တဲ့ ကုမ္ပဏီခွဲ GBS (လယ်ယာစိုက်ပျိုးရေးဝန်ဆောင်မှု အများပိုင်ကုမ္ပဏီလီမိတက်)က ရန်ကုန်စတော့ အိတ်ချိန်းရှိ PLB(Prelisting Board)မှာ မှတ်ပုံတင်ခြင်းအခမ်းအနားကျင်းပခဲ့ပါတယ်။ ရှယ်ယာတစ်ခုလျှင် ၁၀,၀၀၀ ကျပ်သတ်မှတ်ပြီး သက်သာသောဈေးဖြင့် စတင်ရောင်းချခဲ့ရာ ဝယ်သူများရှိခဲ့ပြီး ရှယ်ယာဈေးမှာ ၂,၅၀၀ ကျပ်သို့ မြင့်တက် သွားခဲ့ပါတယ်။ နှစ် ၃၀ သက်တမ်းရှိနေတဲ့ GBS (Good Brothers) အများပိုင်ကုမ္ပဏီတွင် ရှယ်ယာရှင် ၃၀၀ ခန့်ပါဝင်ပြီး အများစုမှာ ကုမ္ပဏီဝန်ထမ်းများဖြစ်ကြပါတယ်။ ဝန်ထမ်းနောင်ရေးအတွက် ပင်စင်သဖွယ် အမြတ်ငွေများထုတ်ပေးရန် ရည်ရွယ်ပြီး ယခုကဲ့သို့ Listed ကုမ္ပဏီ ဖြစ်အောင်ပြုလုပ်ခြင်းဖြစ်တယ်လို့ သိရပါတယ်။ (NVS 004)

18 Dec

ADVERTISE HERE .