ကုန်ဈေးနှုန်းသတင်း ၁၇.၁၂.၂၀၂၅
17 Dec
ဒီဇင်ဘာလ ၁၇ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ မတ်ပဲ၊ ပဲစင်းငုံနီနဲ့ ကြက်သွန်ဖြူဈေးတွေ ဆက်တိုက်ကျဆင်းနေသလို ပဲပုပ်နဲ့ အာလူးဈေးတွေလည်း အနည်းငယ် ကျဆင်းလာပါတယ်။ ကြက်သွန်နီ၊ အခြားပဲအများစုနဲ့ ထန်းလျက်၊ သကြားဈေးတွေကတော့ ဈေးငြိမ်နေပါတယ်။ မတ်ပဲ(FAQ/RC) တစ်တင်းကို ၈၇,၉၄၃ ကျပ်၊ မတ်ပဲ(SQ/RC) တစ်တင်းကို ၉၆,၇၅၀ ကျပ်၊ မတ်ပဲ(Raw) တစ်ပိဿာ ကို ၄,၄၅၀ ကျပ်ကနေ ၄,၄၈၅ ကျပ်၊ ပဲစင်းငုံနီ တစ်ပိဿာကို ၈၃,၆၃၆ ကျပ်၊ ပဲတီစိမ်း တစ်ပိဿာကို ၅,၆၆၅ ကျပ်ကနေ ၅,၆၈၅ ကျပ်၊ ပဲလွန်းဖြူ တစ်ပိဿာကို ၄,၁၆၅ ကျပ်ကနေ ၄,၂၅၀ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၄၀၀၀ ကျပ်ကနေ ၄,၁၇၀ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၉,၇၃၀ ကျပ်ကနေ ၁၀,၆၂၀ ကျပ်၊ ထောပတ်ပဲ တစ်ပိဿာကို ၃,၁၅၅ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၃,၀၈၀ ကျပ်ကနေ ၃,၆၇၀ ကျပ်၊ စားတော်ပဲလုံး တစ်ပိဿာကို ၁၄,၁၆၅ ကျပ်ကနေ ၁၅,၀၀၀ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၄၅၀ ကျပ်ကနေ ၁,၄၇၀ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာကို ၅,၅၀၀ ကျပ်ကနေ ၆,၁၀၀ ကျပ်၊ ပဲပုပ်မြစ်ဝကျွန်းပေါ်(ဆီတိုး/အထွက်တိုး) တစ်ပိဿာ ကို ၅,၀၀၀ ကျပ်ကနေ ၅,၀၈၅ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာကို ၄၅၀ ကျပ်ကနေ ၂,၅၀၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာကို ၃,၅၀၀ ကျပ်ကနေ ၁၆,၀၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၄,၂၀၀ ကျပ်ကနေ ၇,၂၀၀ ကျပ်၊ မန်ကျည်းသီး တစ်ပိဿာကို ၄,၅၀၀ ကျပ်ကနေ ၁၀,၅၀၀ ကျပ်၊ သကြား တစ်ပိဿာ ကို ၃,၇၀၀ ကျပ်ကနေ ၄,၁၀၀ ကျပ်၊ အာလူး တစ်ပိဿာကို ၃,၃၀၀ ကျပ်ကနေ ၅,၃၀၀ ကျပ်၊ ပုစွန်ခြောက်(ရခိုင်ရွှေပုစွန်) တစ်ပိဿာကို ၁၂၀,၀၀၀ ကျပ်ကနေ ၂၀၀,၀၀၀ ကျပ်၊ ငါးကွမ်းရှပ် တစ်ပိဿာကို ၁၈,၀၀၀ ကျပ်ကနေ ၃၇,၀၀၀ ကျပ်၊ ငါးတံခွန် တစ်ပိဿာကို ၆,၀၀၀ ကျပ်ကနေ ၂၃,၀၀၀ ကျပ် ဖြစ်ပေါ်နေပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၁,၆၂၀ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက် ဈေးအရ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၄,၀၀၅ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၃,၁၀၅ ကျပ် ဖြစ်နေပါတယ်။ စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)၏ နေ့စဉ်ထုတ်ပြန် ချက်အရ - -Octane 92 တစ်လီတာကို ရန်ကုန်မှာ ၂,၄၉၀ ကျပ်၊ မန္တလေးမှာ ၂,၆၀၅ ကျပ်၊ နေပြည်တော်မှာ ၂,၅၇၀ ကျပ်။ -Octane 95 တစ်လီတာကို ရန်ကုန်မှာ ၂,၅၄၀ ကျပ်၊ မန္တလေးမှာ ၂,၆၅၅ ကျပ်၊ နေပြည်တော်မှာ ၂,၆၂၀ ကျပ်။ -ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၂၄၅ ကျပ်၊ မန္တလေးမှာ ၂,၃၆၀ ကျပ်၊ နေပြည်တော်မှာ ၂,၃၂၅ ကျပ်။ -Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၆၈၅ ကျပ်၊ မန္တလေးမှာ ၂,၈၀၀ ကျပ်၊ နေပြည်တော်မှာ ၂,၇၆၅ ကျပ် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ်သိန်း (၅,၉၉၀,၀၀၀/-) ငါးဆယ် ကိုးသိန်း ကိုးသောင်းကျပ် ရှိပြီး ပြင်ပပေါက်ဈေးမှာ ကျပ်သိန်း (၈,၉၈၀,၀၀၀ိ/-) ရှစ်ဆယ် ကိုးသိန်း ရှစ်သောင်းကျပ် ရှိနေတယ်လို့ သိရပါတယ်။