“အနာဂတ်ကို တာစတီဂျန် ကိုယ်တိုင် ဆုံးဖြတ်နိုင်တယ်လို့ဆိုတဲ့ နည်းပြ ဖလစ်ဖ် ”
17 Dec
လာမယ့် ဇန်နဝါရီဈေးကွက်မှာ ဂိုးသမား တာစတီဂျန် ကိုယ်တိုင် အနာဂတ်ကို ဆုံးဖြတ်နိုင်တယ်လို့ ဘာစီလိုနာ နည်းပြ ဖလစ်ခ် က ပြောကြားလိုက်ပါတယ်။ ဘာစီလိုနာအသင်းဟာ အခုရာသီမှာ ဂိုးသမားသစ် ဂါစီယာ ကို အသင်းရဲ့ ပွဲထွက်ဂိုးသမားအဖြစ် အသုံးပြု နေပြီး အသက် ၃၃ နှစ်အရွယ် တာစတီဂျန် ကတော့ ပြီးခဲ့တဲ့ရာသီမှာ အသင်းအတွက် ၉ ပွဲသာ ကစားခွင့် ရရှိထားတာ ဖြစ်ပါတယ်။ တာစတီဂျန် ဟာ ပြီးခဲ့တဲ့ရာသီက ဒူးဒဏ်ရာကြောင့် တစ်ရာသီလုံး အနားယူခဲ့ရသလို အခုရာသီအစပိုင်းမှာ နောက်ကျောဒဏ်ရာခွဲစိတ်မှုခံယူခဲ့ရလို့ ပွဲတွေကို လွဲချော်ခဲ့ရပါတယ်။ ဂျာမနီဂိုးသမား တာစတီဂျန် ဟာ အခုလအစောပိုင်းမှာ ပြန်ကစားနိုင်ပြီဖြစ်ပေမယ့် ဘာစီလိုနာအသင်းရဲ့ နောက်ဆုံး ၂ ပွဲမှာ ဂိုးသမားဂါစီယာရဲ့ အရန်အဖြစ်ပဲ ကုန်ဆုံးခဲ့ရတာ ဖြစ်ပါတယ်။ ဇန်နဝါရီမှာ တာစတီဂျန် ထွက်ခွာနိုင်လားဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်လို့ နည်းပြ ဖလစ်ခ် က ကစားသမား ကိုယ်တိုင်ဆုံးဖြတ်နိုင်ပါတယ်လို့ ပြန်လည်ဖြေကြားသွားခဲ့ပါတယ်။ တာစတီဂျန် ဟာ ဘာစီလိုနာအသင်းအတွက် ၄၂၂ ပွဲကစားပေးထားပြီး ဆုဖလား ၁၇ ခုအထိ ရယူထားနိုင်ခဲ့တာဖြစ်ပါတယ်။ (NVS 008)