“ရီဂူလွန် ကို စာချုပ်ချုပ်ဆိုခေါ်ယူခဲ့တဲ့ အင်တာမိုင်ယာမီအသင်း”

17 Dec

မေဂျာလိဂ်ချန်ပီယံ အင်တာမိုင်ယာမီအသင်းဟာ မန်ယူနဲ့ စပါးနောက်ခံလူဟောင်း ရီဂူလွန် ကို ၂၀၂၇ ဒီဇင်ဘာလအထိ သက်တမ်းရှိတဲ့ ၂ နှစ်စာချုပ်နဲ့ခေါ်ယူလိုက်ပါတယ်။ စာချုပ်ထဲမှာ ၂၀၂၈ အထိ သက်တမ်းတိုးနိုင်တဲ့ သဘောတူညီချက်ကိုလည်း ထည့်သွင်းထားတယ်လို့ သိရပါတယ်။ စပိန်နောက်ခံလူ ရီဂူလွန် ဟာ ပြီးခဲ့တဲ့နွေရာသီက စပါးအသင်းနဲ့ စာချုပ်ပြည့်ပြီးနောက် အသင်းလက်မဲ့ ဖြစ်နေခဲ့တာဖြစ်ပြီး အင်တာမိုင်ယာမီအသင်းဆီကို ပြောင်းရွှေ့ကြေးအလွတ်နဲ့ ရောက်လာတာ ဖြစ်ပါတယ်။ စပိန်ကလပ်အသင်းတွေဖြစ်တဲ့ ရီးရဲလ်၊ အက်သလက်တီကိုနဲ့ ဆီဗီလာ တို့မှာ ကစားခဲ့ဖူးတဲ့ ရီဂူလွန်က သူ့ရဲ့ အတွေ့အကြုံတွေနဲ့ အင်တာမိုင်ယာမီအသင်းကို ကူညီပေးနိုင်ဖို့ မျှော်လင့်နေပါတယ်။ (NVS 008)

17 Dec

ADVERTISE HERE .