“ကမ္ဘာ့ဖလားပြိုင်ပွဲကိုကြွေးတင်ခံပြီး မသွားဖို့ပရိသတ်တွေကို တိုက်တွန်းခဲ့တဲ့စကော့တလန်အသင်းနည်းပြ”
17 Dec
စကော့တလန်အသင်းနည်းပြ စတိဗ်ကလက်ခ်က ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သူ့ရဲ့အသင်းကို ပရိသတ်တွေ အနေနဲ့ ကြွေးတင်ခံပြီး လာရောက်အားမပေးဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။ လာမယ့်နှစ် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ လက်မှတ်ခဈေးနှုန်း ကြီးမြင့်မှုကလည်း ဝေဖန်စရာ ဖြစ်နေတာပါ။ စကော့တလန်အသင်းဟာ ဟေတီ၊ မော်ရိုကို၊ ဘရာဇီးလ်အသင်းတို့နဲ့ တစ်အုပ်စုတည်းကျနေတာ ဖြစ်တယ်။ အုပ်စုပွဲ တွေအတွက် စကော့တလန်ပရိသတ်တွေဟာ လက်မှတ်ရာခိုင်နှုန်း ရှစ်ရာခိုင်နှုန်း ရရှိမှာဖြစ်ပြီး Scottish FA ကတော့ လက်ရှိပမာဏထက်ပိုရဖို့ မျှော်လင့်နေပါတယ်။ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပွဲစဉ်အလိုက် လက်မှတ်နှုန်းထား ခြားနားပြီး စကော့တလန်ရဲ့ အုပ်စုသုံးပွဲမှာ လက်မှတ်ခ တူညီမှုမရှိတာ ဖြစ်ပါတယ်။ (NVS 008)
17 Dec