“နံရိုးကျိုးခဲ့တာကြောင့် ခြောက်ပတ်ခန့် အနားယူရမယ့် ဒန်ဘန်း”

17 Dec

နယူးကာဆယ်နောက်ခံလူ ဒန်ဘန်း ဟာ ဆန်းဒါးလန်းအသင်းနဲ့ပွဲစဉ်မှာ နံရိုးကျိုးပြီး အဆုတ်ပါထိခဲ့လို့ ရက်သတ္တပတ် ခြောက်ပတ်ခန့် အနားယူရဖို့ ရှိပါတယ်။ အသက် ၃၃ နှစ်အရွယ် ဒန်ဘန်း ဟာ ဆန်းဒါးလန်းကစားသမား မူကီလီ နဲ့ ဘောလုံးလျှောထိုးဝင်လုချိန် ဒဏ်ရာရခဲ့တာဖြစ်တယ်။ အခုဖြစ်စဉ်ကြောင့် ဒိုင်လူကြီးက မူကီလီ ကို အဝါကတ်ပြသခဲ့ပါတယ်။ ဒန်ဘန်း ဟာ ကွင်းအတွင်း ဆက်ကစားဖို့ ကြိုးစားခဲ့ပေမယ့် မိနစ်အနည်းငယ်အကြာမှာ ဖာဘီယန်ရှား နဲ့ လူစားလဲခံခဲ့ရပါတယ်။ နယူးကာဆယ်အသင်းနည်းပြ အက်ဒီဟောင်းက ပွဲအပြီးမှာ ဒန်ဘန်း ကို ဆေးရုံပို့ခဲ့ရပြီး ပထမပိုင်းအပြီး အသက်ရှူဖို့ ခက်ခဲနေခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ (NVS 008)

17 Dec

ADVERTISE HERE .