“အောက်စက်တော်ရာ(ခြေတော်ရာ)ကို ဖူးမြှော်နိုင်ရန် ဘေလီသံပေါင်တံတားတပ်ဆင်လျက်ရှိ”
17 Dec
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားအား ဗုဒ္ဓပူဇနိယပွဲတော်ကာလအတွင်း အောက်စက်တော်ရာ(ခြေတော်ရာ)ကို လွယ်ကူအဆင်ပြေစွာဖူးမြှော်နိုင်ရန် ယာယီဘေလီသံပေါင်တံတားတစ်စင်း တပ်ဆင်လျက်ရှိကြောင်း မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ကနေ သိရပါတယ်။ အဆိုပါ ယာယီဘေလီသံပေါင်တံတားကို မင်းဘူးခရိုင်နှင့် မြို့နယ်လမ်းဦးစီးဌာနမှ တာဝန်ခံများက ကြီးကြပ်၍ ဒီဇင်ဘာလ ၁၄ ရက်မှစတင်ကာ တပ်ဆင်လျက်ရှိပြီး တပ်ဆင်ချိန် ၁၂ ရက်ခန့် ကြာမြင့်မည်ဖြစ်ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့နှစ်က နိုင်ငံတော်ယာယီသမ္မတ လှူဒါန်းထားသော တံတားအကျယ် ၁၂ ပေ ၈ လက်မ၊ အရှည် ၁၀၀ ပေရှိ ယာယီဘေလီသံပေါင်တံတားကို တပ်ဆင်နေခြင်းဖြစ်ကာ ဘုရားပွဲတော်ကျင်းပစဉ် ကာလတစ်လျှောက် အသုံးပြုသွား မှာပါတယ်။ မန်းရွှေစက်တော်ဘုရားရဲ့ ဗုဒ္ဓပူဇနိယပွဲတော်ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်မှ ဧပြီလ ၁၇ ရက်အထိ ရက်ပေါင်း ၈၆ ရက်ကြာ အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာသူများကို တည်းခိုဆောင်များမှာ ညအိပ်တည်းခိုကာ နားနေခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)