“ရွေးကောက်ပွဲပျက်ပြားစေရန် ကျူးလွန်ခဲ့တဲ့ တရားခံ ၂၂၉ ဦးကို အရေးယူထား”
17 Dec
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ပျက်ပြားစေရန် နည်းအမျိုးမျိုးနဲ့ ကျူးလွန်သူများကို ဖော်ထုတ် အရေးယူခြင်းများဆောင်ရွက်နေပြီး ဒီဇင်ဘာလ ၁၅ ရက်အထိ အမှုပေါင်း ၁၄၀ ရှိပြီး စုစုပေါင်း တရားခံ ၂၂၉ ဦးကို အရေးယူးထားကြောင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီ အစည်းအဝေးကနေ သိရပါတယ်။ ပြည်ထောင်စုနယ်မြေနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှာ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ များကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေနဲ့ အရေးယူဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး တရားခံ အမျိုးသား ၂၀၁ ဦး၊ အမျိုးသမီး ၂၈ ဦး၊ စုစုပေါင်း ၂၂၉ ဦးကို အရေးယူခဲ့ခြင်းဖြစ်ပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲကို ထိခိုက်စေနိုင်သော လှုံ့ဆော်မှုများ၊ ဝါဒဖြန့်မှုများ ကျုးလွန်နေသူများကို စုံစမ်း ဖော်ထုတ်ကာ ထိရောက်စွာအရေးယူသွားရန် လိုအပ်ကြောင်းလည်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် က ပြောကြားခဲ့ပါတယ်။ ရွေးကောက်ပွဲဆိုင်ရာ ကာလများအလိုက် လုံခြုံရေး ကျိုးပေါက်မှု မရှိစေရန်နယ်မြေတည်ငြိမ်အေးချမ်းရေး၊ မှုခင်းကျဆင်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားရန် ပြည်ထောင်စု ဝန်ကြီးက ပြောကြားခဲ့ပါတယ်။ (NVS 004)