“မန္တလေးတိုင်းဒေသကြီးမှာ ရွေးကောက်ပွဲအပိုင်း(၁)အတွက် မဲရုံခင်းကျင်းမှုနှင့် လျာထားမဲရုံများပြင်ဆင်”

17 Dec

လာမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)အတွက် မန္တလေးတိုင်းဒေသကြီး မြို့နယ်များ အတွင်း မဲရုံခင်းကျင်းမှုနှင့် လျာထားမဲရုံများ ပြင်ဆင်နေပြီဖြစ်ကြောင်း သိရပါတယ်။ ရွေးကောက်ပွဲအပိုင်း(၁)တွင်ပါဝင်သော အောင်မြေသာစံမြို့နယ်အတွင်း မဲရုံခင်းကျင်းမှုနှင့် လျာထားမဲရုံ နေရာများကိုလည်း မန္တလေးတိုင်းဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုခဲ့ကြောင်းလည်း သိရ ပါတယ်။ ရွေးကောက်ပွဲမှာအသုံးပြုမည့် အီလက်ထရောနစ်မဲပေးစက်နှင့် ဆက်စပ်ပစ္စည်းများထားရှိမှု သက်ဆိုင်ရာ မဲရုံများအတွင်း စနစ်တကျဖြန့်ဝေမှုများကို စီစဉ်ဆောင်ရွက်နေကြောင်းလည်း သိရပါတယ်။ မဲပေးစက်များ ပျက်ဆီးမှု မရှိစေရေး မီးဘေးကင်းရှင်းစေရန်နှင့် အထူးဂရုစိုက်ဆောင်ရွက်ရန်တို့ကို မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင် က ပြောကြားခဲ့ပါတယ်။ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် ရွေးကောက်ပွဲအပိုင်း (၁) ကို မြို့နယ် ၈ မြို့နယ်နှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်တွင် ရွေးကောက်ပွဲအပိုင်း(၂)ကို မြို့နယ် ၉ မြို့နယ်တို့မှာ ကျင်းပသွားမှာဖြစ်ပြီး လျာထားမဲရုံပေါင်း ၁,၀၇၃ ရုံ ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)

17 Dec

ADVERTISE HERE .