“သဇင်ပန်းများ ယခင်နှစ်ထက် စျေးနှစ်ဆမြင့်တက်”

17 Dec

ယခုရက်ပိုင်းအတွင်း စျေးကွက်အတွင်းသို့ သဇင်ပန်းများဝင်ရောက်လာပြီဖြစ်သလို ယခင်နှစ်ထက် စျေးနှစ်ဆ မြင့်တက်နေကြောင်း အလှပန်းမျိုးစုံရောင်းဝယ်သူများထံက သိရပါတယ်။ ပြီးခဲ့တဲ့နှစ်က အခက်သေးတစ်ခက်လျှင် ၃,၀၀၀/၄,၀၀၀ ကျပ်ရှိရာမှ ယခုအခါ ၇,၀၀၀/၈,၀၀၀ ကျပ်ရှိကြောင်း အခက်ကြီးဆိုဒ် အလှတစ်ခက်လျှင် ၁၅,၀၀၀ ကျပ်ရှိနေပါတယ်။ သဇင်ပန်းများ စိုက်ပျိုးရာခြံအချို့တွင် နိုဝင်ဘာလ အတွင်း စတင်ပွင့်လေ့ရှိပြီး လကုန်ပိုင်းမှသာ စတင်ရောင်းချသလို ယခုဒီဇင်ဘာပထမပတ်အတွင်း သဇင်ခြံအများစုမှ ပေါ်ထွက်စပြုလာခြင်းလည်း ဖြစ်ပါတယ်။ စျေးကွက်အတွင်း ၄ လက်မအရွယ်ကို အခက်သေး၊ ၅ လက်မမှ ၆ လက်မအရွယ်ကို အခက်အလတ်၊ ၆ လက်မနှင့်အထက်ကို အခက်ကြီးအဖြစ်သတ်မှတ်ပြီး ရောင်းချကြပါတယ်။ ၂၀၂၄ ခုနှစ် သဇင်ပန်းပေါ်ချိန်မှာ ၄,၀၀၀ ကျပ်အထိ မြင့်တက်ခဲ့ပြီး ယခုနှစ်မှာ ၈,၀၀၀ ကျပ်အထိဖြစ်လာကာ ယခင်နှစ်ကထက် နှစ်ဆလောက် ဈေးနှုန်းမြင့်တက်လာတာ ဖြစ်ပါတယ်။ ရန်ကုန်စျေးကွက်အတွင်း မင်္ဂလာဒုံ၊ မှော်ဘီဘက်ရှိ သဇင်ပန်းစိုက်ပျိုးသူများထံမှ ထွက်ရှိလာသည့် ပန်းများကို ရောင်းချနေပြီး မုဒုံ၊ မော်လမြိုင်ဘက်မှ ပန်းအချို့လည်း ဝင်ရောက်မှုရှိကြောင်း၊ အခက်အရွယ်အစားပေါ်မူတည်၍ တစ်ခက်လျှင် ၈,၀၀၀ ကျပ်မှ ၁၅,၀၀၀/၁၈,၀၀၀ ကျပ်အထိ စျေးအသီးသီးရှိနေကြောင်းလည်း သိရပါတယ်။ (NVS 004)

17 Dec

ADVERTISE HERE .