“မျိုးဆက်သစ်များအနေနဲ့ မြန်မာ့တိုင်းရင်းဆေးပညာရပ် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားရန် နိုင်ငံတော်ဝန်ကြီးချုပ် တိုက်တွန်း”

17 Dec

ဒီဇင်ဘာလ ၁၆ ရက်က နေပြည်တော်မှာကျင်းပခဲ့တဲ့ (၂၄)ကြိမ်‌မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲကို နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော တက်ရောက်ခဲ့ပြီး မျိုးဆက်သစ်များအနေနဲ့ မြန်မာ့တိုင်းရင်းဆေးပညာရပ် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားရန် တိုက်တွန်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံသို့ ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပေးပို့ခဲ့သည့် ဂုဏ်ပြုမိန့်ခွန်းကို ဖွင့်လှစ်ပြသခဲ့ပါတယ်။ အဲဒီနောက် နိုင်ငံတော်ဝန်ကြီးချုပ်က မြန်မာ့တိုင်းရင်းဆေးပညာရှင်များကို အရည်အချင်းပြည့်ဝသူများ ဖြစ်အောင် အခြေခံမှစ၍ ဒီပလိုမာအဆင့်၊ ဘွဲ့ရအဆင့်၊ တိုင်းရင်းဆေးပညာမဟာဘွဲ့အဆင့်အထိ လေ့ကျင့်မွေးထုတ် ပေးနေပြီး ယခုညီလာခံမှာ တိုင်းရင်းဆေးသမားတော်ကြီးများအနေနဲ့ မျိုးဆက်သစ်လူငယ်များအတွက် ပညာရပ် ဆိုင်ရာများ အတွေ့အကြုံဗဟုသုတများ နှီးနှောဖလှယ်ပေးခြင်းဖြစ်လို့ မျိုးဆက်သစ်များအနေနဲ့ အနာဂတ် မြန်မာ့ တိုင်းရင်းဆေးပညာရပ်ကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆက်လက်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြား ခဲ့ပါတယ်။ ဆက်လက်ပြီး မြန်မာ့တိုင်းရင်းဆေးပညာ မပျောက်ပျက်အောင်နှင့် ဆေးဝါးများကို သုတေသနပြုလုပ်ပြီး ပြည်သူလူထု ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်စေရန် ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်အစိုးရကလည်း အလေးထား ပံ့ပိုးသွားမည်ဖြစ်ကြောင်းလည်း ဝန်ကြီးချုပ်က ပြောကြားခဲ့ကြောင်း သိရပါတယ်။ (NVS 004)

17 Dec

ADVERTISE HERE .