“မြိတ်မြို့၌ မျက်စိဝေဒနာရှင်များအား အခမဲ့စမ်းသပ်ခွဲစိတ်ကုသပေးမည်”
16 Dec
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ ပြည်သူ့ဆေးရုံကြီး၌ မျက်စိရောဂါဝေဒနာရှင်များအား အခမဲ့စမ်းသပ် ခွဲစိတ်ကုသပေးသွားမယ်လို့ သိရပါတယ်။ အဆိုပါမျက်စိရောဂါဝေဒနာရှင်များအား ကုသဆောင်ရွက်ပေးရန် သဲဖြူဆရာတော်ကြီးအား အမှူးထား၍ အလှူရှင်များ၏ လှူဒါန်းမှုဖြင့် အထူးကုဆရာဝန်ကြီးများမှ ဒေသခံပြည်သူများအား လာမည့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်မှ ၁၉ ရက်အထိ အခမဲ့စမ်းသပ်ခွဲစိတ်ကုသပေးသွားမှာဖြစ်ပါတယ်။ မျက်စိရောဂါဝေဒနာများကို ကုသမှုခံယူလိုသော ရပ်ဝေးရပ်နီးမှ ပြည်သူများအနေနဲ့ မြိတ်မြို့ရှိ ပြည်သူ့ ဆေးရုံကြီး၌ ကြိုတင်စာရင်းပေး၍ လာရောက်ကုသမှုခံယူနိုင်ကြောင်း သိရပါတယ်။ (NVS-004)
16 Dec