“စီးရီးအေ တစ်လတာအကောင်းဆုံးနည်းပြဆုကိုရရှိခဲ့တဲ့ အေစီမီလန်အသင်းနည်းပြ အယ်လီဂရီ”

16 Dec

နိုဝင်ဘာလအတွက် စီးရီးအေတစ်လတာ အကောင်းဆုံးနည်းပြဆုကို အေစီမီလန်နည်းပြ အယ်လီဂရီ က ရရှိခဲ့ပါတယ်။ အေစီမီလန်အသင်းက နိုဝင်ဘာလအတွင်း ကစားခဲ့တဲ့ စီးရီးအေ ၄ ပွဲမှာ ၃ ပွဲနိုင် ၁ ပွဲသရေ ရရှိခဲ့သလို ရိုးမား၊ အင်တာမီလန်နဲ့ လာဇီယိုတို့လို အသင်းတွေကို အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ အသင်းကြီးတွေနဲ့ ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ ပွဲတွေမှာ ရလဒ်ကောင်းရယူနိုင်ခဲ့တာကြောင့် အယ်လီဂရီ က အခုလို တစ်လတာအကောင်းဆုံး နည်းပြဆုကို ရရှိခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက ရလဒ်ဆိုးခဲ့တဲ့ အေစီမီလန်အသင်းဟာ နည်းပြ အယ်လီဂရီ လက်ထက်မှာတော့ တည်ငြိမ်တဲ့ ခြေစွမ်းကို ပြသနေပြီး စီးရီးအေပွဲစဉ် ၁၄ အပြီးမှာ ၁ ပွဲသာ ရှုံးနိမ့်ထားသလို ရမှတ် ၃၁ မှတ်ဖြင့် နာပိုလီအသင်းနဲ့ ရမှတ်တူ အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။ (NVS 008)

16 Dec

ADVERTISE HERE .