“အဝေးကွင်းရလဒ်တွေ တိုးတက်ဖို့လိုတယ်လို့ သတိ‌ပေးခဲ့တဲ့ ကွန်တီ”

16 Dec

နာပိုလီအသင်းသားတွေဟာ အဝေးကွင်းပွဲတွေမှာ စိုးရိမ်စိတ်များလွန်းနေပြီး အသင်းရဲ့ အဝေးကွင်းရလဒ်တွေ အခုထက်ပိုကောင်းဖို့ လိုအပ်နေပြီလို့ နည်းပြ ကွန်တီ က သတိပေးလိုက်ပါတယ်။ စီးရီးအေ လက်ရှိချန်ပီယံ နာပိုလီအသင်းဟာ တနင်္ဂနွေည စီးရီးအေအဝေးကွင်းပွဲမှာ အူဒီးနီးစ်အသင်းကို ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ အခုရှုံးပွဲက နာပိုလီအသင်းရဲ့ အခုရာသီအဝေးကွင်းပြိုင်ပွဲစုံ ၇ ပွဲမြောက်ရှုံးပွဲဖြစ်ခဲ့ပြီး အခုပွဲရှုံးနိမ့်ခဲ့တာကြောင့် ဇယားထိပ်က အင်တာမီလန်၊ ရိုးမားအသင်း တို့နဲ့ ၂ မှတ်အကွာ အဆင့် ၃ နေရာကို ရောက်ရှိသွားခဲ့ပါတယ်။ အူဒီနီးစ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာ ကွန်တီ က ကစားသမားတွေကို အပြစ်မတင်ချင်ပေမယ့် အသင်းရဲ့ အဝေးကွင်းရလဒ်တွေ အခုထက်ပိုကောင်းလာအောင် ကြိုးစားသွားရမယ်လို့ ပြောကြားခဲ့ပါတယ်။ (NVS 008)

16 Dec

ADVERTISE HERE .