“အူပါမီကာနို နဲ့ စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့ ဆက်လက်ဆွေးနွေးနေတဲ့ ဘိုင်ယန်မြူးနစ်အသင်း”

16 Dec

နောက်ခံလူ အူပါမီကာနို က ကမ္ဘာ့အဆင့် နောက်ခံလူတစ်ဦးဖြစ်တာကြောင့် လက်လွှတ်ခံမှာ မဟုတ်ဘဲ စာချုပ်သစ်ချုပ်ဆိုဖို့ ဆက်လက်လုပ်ဆောင်နေတယ်လို့ ဘိုင်ယန်မြူးနစ်အသင်းက သတင်းထုတ်ပြန်ပါတယ်။ အသက် ၂၇ နှစ်အရွယ် ပြင်သစ်နောက်ခံလူ အူပါမီကာနို နဲ့ ဘိုင်ယန်မြူးနစ်တို့ရဲ့ လက်ရှိစာချုပ်က အခုရာသီအကုန်တွင် ပြည့်မှာဖြစ်ပြီး အခုချိန်ထိ စာချုပ်သစ်ကို မချုပ်နိုင်သေးတာ ဖြစ်ပါတယ်။ အူပါမီကာနို က အသင်းရဲ့ လုပ်ခလစာ အမြင့်ဆုံးကစားသမားတွေထဲက တစ်ယောက်အဖြစ် တစ်နှစ် လုပ်အားခ ယူရို သန်း ၂၀ အလိုရှိနေတာကြောင့် စာချုပ်သစ်ကိစ္စဆွေးနွေးမှုတွေ ရှေ့မဆက်နိုင်ဖြစ်နေတယ်လို့ သိရပါတယ်။ အူပါမီကာနို နဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့အကြား အခြေအနေကို ရီးရဲလ်အသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့က စောင့်ကြည့်နေပြီး ကစားသမားဘဝ အကောင်းဆုံးအရွယ်ကို ရောက်ရှိနေတဲ့ အူပါမီကာနို ကို လာမယ့်နွေရာသီမှာ ခေါ်ယူနိုင်ဖို့အတွက် အသင့်ရှိနေတာ ဖြစ်ပါတယ်။ (NVS 008)

16 Dec

ADVERTISE HERE .