“ရက်ပြောင်းလဲကျင်းပမည့် ၂၀၂၈ အိုးပင်းဂေါ့ဖ်ပြိုင်ပွဲ”

16 Dec

၂၀၂၈ ခုနှစ် လော့စ်အန်ဂျလိစ်အိုလံပစ်ဂေါ့ဖ်ပြိုင်ပွဲ ကျင်းပမယ့်အချိန်နဲ့ တိုက်ဆိုင်နေခဲ့လို့ မေဂျာပြိုင်ပွဲ တွေထဲက တစ်ခုဖြစ်တဲ့ ၂၀၂၈ အိုးပင်းချန်ပီယံရှစ် ဂေါ့ဖ်ပြိုင်ပွဲကို ဩဂုတ်လမှာ ပြောင်းလဲကျင်းပမှာ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ အိုးပင်းဂေါ့ဖ်ပြိုင်ပွဲကို နှစ်စဉ် ဇူလိုင်လဒုတိယအပတ်မှာ ကျင်းပတာဖြစ်ပေမယ့် ၂၀၂၈ လော့စ်အန်ဂျလိစ် အိုလံပစ်ပြိုင်ပွဲရဲ့ ဂေါ့ဖ်ပြိုင်ပွဲကို ဇူလိုင်လ ၁၉ ရက်ကနေ ၂၉ ရက်အထိကျင်းပဖို့ စီစဉ်ထားတဲ့အတွက် အခုလို ရက်ပြောင်းလဲကျင်းပဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ၂၀၂၈ အိုးပင်းပြိုင်ပွဲရဲ့ အမျိုးသားပွဲတွေကို ဩဂုတ်လ ၁၀ ရက်မှ ၁၃ ရက်အထိ ကျင်းပမှာဖြစ်သလို အမျိုးသမီး ပြိုင်ပွဲတွေကို ဩဂုတ်လ ၁၇ ရက်ကနေ ၂၀ ရက်အထိကျင်းပဖို့ ပြင်ဆင်ရေးဆွဲလိုက်ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး ၂၀၂၉ ခုနှစ်မှာတော့ ပုံမှန်ကျင်းပနေကျ ဇူလိုင်လလယ်မှာ ပြန်လည်ကျင်းပမှာဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။ (NVS 008)

16 Dec

ADVERTISE HERE .