“မိန်နူး ကို ခေါ်ယူလိုတဲ့ ကလပ်အသင်း အနည်းဆုံး ၁၂ သင်းအထိရှိနေ”
16 Dec
မန်ယူအသင်းမှာ နေရာမရဖြစ်နေတဲ့ အင်္ဂလန်ကွင်းလယ်ကစားသမား မိန်နူးကို ခေါ်ယူလိုတဲ့ကလပ်အသင်း အနည်းဆုံး ၁၂ သင်းအထိ ရှိနေတယ်လို့ သိရပါတယ်။ အသက် ၂၀ အရွယ်သာရှိသေးတဲ့ မိန်နူး ဟာ မန်ယူအသင်းရဲ့ အကယ်ဒမီထွက် ကစားသမားဖြစ်သလို၊ ပရိသတ်တွေသဘောကျတဲ့ ကစားသမားလည်းဖြစ်ပေမယ့် နည်းပြ အာမိုရင်မ် က အရန်ကစားသမားအဖြစ်သာ အသုံးပြုနေခဲ့ပါတယ်။ မိန်နူး ဟာ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ် နဲ့ ကစားတဲ့နေရာချင်း တူညီနေတာကြောင့် အရန် ကစားသမားအဖြစ် ရပ်တည်နေရခြင်းဖြစ်ကြောင်းလည်း အာမိုရင်မ် က ပြောကြားထားပါတယ်။ ဒါကြောင့် မိန်နူး က ပွဲကစားချိန် ပိုရမယ့်အသင်းဆီ ပြောင်းရွှေ့ကစားဖို့ ဆန္ဒရှိနေပြီး ဥရောပကလပ်အသင်း တစ်ဒါဇင်လောက်က မိန်နူး နဲ့ မန်ယူအသင်းရဲ့ အခြေအနေကို စောင့်ကြည့်နေတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။ (NVS 008)
16 Dec