“အင်္ဂလန်နိုင်ငံ ကမ်ဘရီယာနယ်မြေတွင် မိုးသည်းထန်စွာရွာသွန်းကာ ရေကြီးရေလျှံမှုဖြစ်ပေါ်နေပြီး ရေဘေး အန္တရာယ် အဝါရောင်အဆင့်အဖြစ်သတ်မှတ်”
16 Dec
အင်္ဂလန်နိုင်ငံ ကမ်ဘရီယာနယ်မြေတွင် မိုးသည်းထန်စွာရွာသွန်းကာ ရေကြီးရေလျှံမှုဖြစ်ပေါ်နေပြီး ဒီဇင်ဘာလ ၁၄ ရက်မှစ၍ ရေဘေးအန္တရာယ် အဝါရောင်အဆင့်အဖြစ်သတ်မှတ်ကြောင်း သဘာဝပတ်ဝန်းကျင် အေဂျင်စီ(EA)က ထုတ်ပြန်ကြေညာသည်။ မိုးရေချိန်မှာ မီလီမီတာ ၂၀၀ ထိ မြင့်တက်ခဲ့ပြီး ရေကြီးရေလျှံမှုသည် အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်သည့် အခြေအနေဖြစ်သည့်အတွက် ရေဘေးအန္တရာယ် အဝါရောင်အဆင့် အဖြစ် သတ်မှတ်ခြင်းဖြစ်ကြောင်း၊ မိုးရေချိန် ဆက်လက်မြင့်တက်လာနိုင်သည့်အတွက် ရေဘေးအန္တရာယ် အခြေအနေမှာလည်း ပိုမိုဆိုးရွားလာနိုင်ပြီး ရေဘေးအန္တရာယ်ကို အခြေအနေပေါ်မူတည်ပြီး ပြောင်းလဲသတ်မှတ် သွားမည်ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်အေဂျင်စီ(EA)က ထုတ်ပြန်ခဲ့သည်။ သဘာဝပတ်ဝန်းကျင်အေဂျင်စီ(EA) မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြစ်ရေလျှံတက်မှုတွေ ဖြစ်ပေါ်နေကြောင်း၊ မိုးရေချိန်သည် မီလီမီတာ၂၀၀ ထိ မြင့်တက်နေတဲ့အတွက် အချိန်တို အတွင်း ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ကြောင်း ကမ်ဘရီယာနယ်မြေကို ရေဘေးအန္တရာယ် အဝါရောင်အဆင့် သတ်မှတ် လိုက်ကြောင်းနှင့် ကယ်ဆယ်ရေးဝန်ထမ်းတွေကလဲ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးဖို့အတွက် စတင် ထွက်ခွာသွားနေပြီး လမ်းမကြီးတချို့ ရေလွှမ်းနေတဲ့အတွက် ယာယီပိတ်ထားရသည်ဟု ပြောကြားခဲ့ကြောင်း Russia Today သတင်းဌာနဖော်ပြချက်အရသိရသည်။