“အိမ်အရောက်ပို့ (Door to Door)စနစ်ဖြင့် (၂၄)ပြည်ဆန်အိတ်များကို ရောင်းချပေးခဲ့”
16 Dec
အိမ်အရောက်ပို့ (Door to Door)စနစ်ဖြင့် (၂၄)ပြည်ဆန်အိတ်များကို အိမ်ထောင်စုအရေအတွက်၂၆၇ စုအား ဆန်အိတ်ရေ ၃၀၀ ကျော်ကို နှစ်ပတ်အတွင်းရောင်းချပေးခဲ့ကြကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန် ထားပါတယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ အိမ်ထောင်စုအရေအတွက် စုစုပေါင်း ၂၆၇ စုကို ရက်၉၀ ဆန် ၅၉ အိတ်၊ ရွှေဘိုပေါ်ဆန်း ၁၉၀ အိတ်၊ ဧည့်မထဆန်၂၄ အိတ်၊ ဧရာဝတီပေါ်ဆန်းကြားပျံ(ဆန်သစ်) ၂၉ အိတ်၊ (ဆန်အဟောင်း) ၂၃ အိတ်၊ ဧရာဝတီပေါ်ဆန်းနယ်စုံ(ဆန်သစ်) ၆ အိတ်၊ ဧရာဝတီပေါ်ဆန်းနယ်စုံ(ဆန်ဟောင်း) ၉ အိတ်၊ စုစုပေါင်း ၃၄၀ အိတ်ကို ရောင်းချပေးခဲ့ကြောင်း သိရပါတယ်။ အခုလိုသင့်တင့်မျှတသော ဈေးနှုန်းများနဲ့ စားသုံးသူများထံ အရောက်ပို့စနစ်ဖြင့် ဖြန့်ဖြူးရောင်းချပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ စက်မှုဇုံများနှင့် လူမှုရေးအသင်းအဖွဲ့များထံသို့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလတွင် ပေါ်ဆန်း(10)Kg အိတ်ရေ ၅,၂၀၄ အိတ်၊ ဧည့်မထ(10)Kg အိတ်ရေ ၅,၁၅၀ အိတ်ကို ပေးပို့ ရောင်းချပေးခဲ့ကြောင်း သိရပါတယ်။(NVS 008)