“ပဲခူးတိုင်းဒေသကြီးမှာ ဂိုဏ်းပေါင်းစုံ သံဃနာယကနှင့် ဝိနည်းဓိုရ်မွမ်းမံသင်တန်းဖွင့်လှစ်”
16 Dec
ပဲခူးတိုင်းဒေသကြီး(အရှေ့)၊ ဂိုဏ်းပေါင်းစုံ သံဃနာယကနှင့် ဝိနည်းဓိုရ်မွမ်းမံသင်တန်းဖွင့်လှစ်ခြင်း အခမ်းအနားကို ဒီဇင်ဘာလ ၁၅ ရက် နံနက်ပိုင်းမှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ အဆိုပါအခမ်းအနားမှာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့် တာဝန်ရှိသူများက ပဲခူးတိုင်းဒေသကြီး ဂိုဏ်းပေါင်းစုံ သံဃနာယကနှင့် ဝိနည်းဓိုရ်မွမ်းမံသင်တန်းဖွင့်လှစ်ခြင်း၊ ဝိနည်းဆိုင်ရာ သံဃအဖွဲ့အစည်းအဆင့်ဆင့် လုပ်ထုံးလုပ်နည်းဆိုင်ရာစာအုပ်များနှင့် အလှူငွေများကို ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရပါတယ်။ ယခုဖွင့်လှစ်သည့် သင်တန်းကို သာသနာတော်သန့်ရှင်းတည်တံ့ပြန့်ပွားရေး၊ သာသနာတော်နှင့် အပ်စပ်တဲ့ ဝိနည်းဓမ္မကံ ဖြေရှင်းဆုံးဖြတ်ရေးဆိုင်ရာများမှာ ကျွမ်းကျင်ပိုင်နိုင်စွာ ပိုမိုဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဒီဇင်ဘာလ ၁၅ ရက်မှ ၁၉ ရက်အထိ ပဲခူးတိုင်းဒေသကြီး(အရှေ့)၊ မြို့နယ် ၁၄ မြို့နယ်မှ ဆရာတော်/သံဃာတော် ၂၀၀ ပါးကျော် တက်ရောက်လျက်ရှိကြောင်း သိရပါတယ်။ (NVS 008)