“တပ်မတော်(လေ)ဖွဲ့စည်းတည်ထောင်မှု (၇၈)နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်”
16 Dec
ဒီဇင်ဘာလ ၁၅ ရက်နံနက်ပိုင်းက နေပြည်တော်လေတပ်စခန်းဌာနချုပ်မှာ တပ်မတော်(လေ) ဖွဲ့စည်း တည်ထောင်မှု (၇၈)နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနားကို ကျင်းပခဲ့ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါအခမ်းအနားမှာ Mi-17 ရဟတ်ယာဉ် ၄ စီးက Arrow Head Formation ပုံစံ၊ Bell 206 ရဟတ်ယာဉ် ၂ စီး၊ H-125 ရဟတ်ယာဉ် ၂ စီး၊ H - 120 ရဟတ်ယာဉ် ၂ စီးတို့က Composite Formation ပုံစံ၊ MTX-1B ကင်းထောက်လေယာဉ် ၁ စီးနှင့် Grob-120 TP အမောင်းသင်လေယာဉ် ၃ စီးတို့က Composite Formation ပုံစံ၊ K-8 ဂျက်တိုက်လေယာဉ် ၅ စီးက Kite Formation ပုံစံ၊ F - 7 တိုက်လေယာဉ် ၄ စီးက Box Formation ပုံစံ၊ MiG-29 ဘက်စုံသုံးဂျက်တိုက်လေယာဉ် ၅ စီးက Arrow Head Formation ပုံစံ၊ Su-30 SME ဘက်စုံသုံးအကြီးစား ဂျက်တိုက်လေယာဉ် ၂ စီးနှင့် FTC 2000G တိုက်လေယာဉ် ၂ စီးက Composite Formation ပုံစံတို့ဖြင့် အသီးသီး သရုပ်ပြပျံသန်းခဲ့ကြပုံကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြပါတယ်။ ထို့အတူ MiG-29 ဘက်စုံသုံးဂျက် တိုက်လေယာဉ်များနှင့် စတုတ္ထမျိုးဆက်လွန် ဘက်စုံသုံးအကြီးစား တိုက်လေယာဉ်ဖြစ်တဲ့ Su-30 SME တိုက်လေယာဉ်များက အဆင့်မြင့်လှုပ်ရှားစစ်ကစားမှုများကို စွမ်းရည်ပြပျံသန်း ခဲ့ကြပါတယ်။ အခုလိုစွမ်းရည်ပြပျံသန်းရာမှာ MiG-29 ဘက်စုံသုံးဂျက်တိုက်လေယာဉ် ၁ စီးက ရှုရပ်၏ ရှေ့တည့်တည့်မှ ဝင်ရောက်လာပြီး Victory Roll Maneuver နှင့် Level 8 Maneuver၊ Combat Turn နှင့် Multiple Roll Maneuver၊ Slow Flight နှင့် Zoom Climb Maneuver၊ Vertical Roll Maneuver တို့ကိုစွမ်းရည်ပြပျံသန်းပြီး MiG-29 ဘက်စုံသုံးဂျက်တိုက်လေယာဉ် ၄ စီးက ရှုရပ်၏ရှေ့တည့်တည့်မှ Box Formation ပုံစံဖြင့်အုပ်ဖွဲ့ပျံသန်းပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား အလေးပြုခဲ့ကြပါတယ်။ ဒါ့အပြင် စတုတ္ထမျိုးဆက်လွန်ဘက်စုံသုံး အကြီးစား တိုက်လေယာဉ်ဖြစ်တဲ့ Su-30 SME တိုက်လေယာဥ် ၁ စီး က Point Roll Maneuver၊ High-G Turn Maneuver၊ Derry Turn Maneuver၊ Oblique Loop Maneuver၊ Combat Turn Maneuver၊ Flap Spin Maneuver တို့နဲ့ စွမ်းရည်ပြပျံသန်းပြီး Slow Flight Maneuver ဖြင့်လည်း ပျံသန်း သရုပ်ပြသပြီးနောက် မီးကျည်များကိုပစ်လွှတ်ကာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အားအလေးပြုခဲ့ကြပါတယ်။ အဲဒီနောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က တပ်မတော်(လေ) (၇၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ဇီဝီတဒါနငှက်လွှတ်ပြီး သရုပ်ပြအုပ်ဖွဲ့ပျံသန်းမှုမှာပါဝင်သော လေသူရဲများကို ဂုဏ်ပြုနှုတ်ဆက် စကားပြောကြားကာ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရပါတယ်။ (NVS 008)