“အွန်လိုင်းလိမ်လည်လောင်းကစားမှုများနှင့် ဆက်စပ်ပတ်သက်သူများကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည် လွှဲပြောင်းရာတွင် အဆင်ပြေချောမွေ့စေရေးဆွေးနွေး”
16 Dec
အွန်လိုင်းလိမ်လည်လောင်းကစားမှုများနှင့် ဆက်စပ်ပတ်သက်သူများကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည် လွှဲပြောင်းရာမှာ အဆင်ပြေချောမွေ့စေရေးအတွက် မြန်မာ-တရုတ်-ထိုင်း နိုင်ငံတို့မှတာဝန်ရှိသူများက ဒီဇင်ဘာလ ၁၅ ရက်မှာ ကရင်ပြည်နယ်၊ မြဝတီမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ တွေ့ဆုံစဉ်မှာ မြဝတီမြို့ရှိ မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားအစည်းအဝေးခန်းမမှာ အွန်လိုင်း လိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများတိုက်ဖျက်ရေးဆိုင်ရာ Myanmar-China-Thailand Trilateral meeting for Combating Telecom Fraud and Online Gambling ညှိနှိုင်းအစည်းအဝေးအဖြစ် ဆွေးနွေးခဲ့ကြခြင်း ဖြစ်ပါတယ်။ မြဝတီဒေသရှိ အွန်လိုင်းလိမ်လည်မှုများ ကင်းစင်ပပျောက်သည်အထိ ရှင်းလင်းဆောင်ရွက်ရေး၊ အွန်လိုင်းလိမ်လည်မှုနှင့် ဆက်စပ်ပတ်သက်သူများကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းရာမှာ အဆင်ပြေ ချောမွေ့စေရေး ပူးပေါင်းဆောင်ရွက်ရမည်များကို ရှင်းလင်းဆွေးနွေးခဲ့ကြပါတယ်။ အဆိုပါ နိုင်ငံ ၃ နိုင်ငံမှ တာဝန်ရှိသူများက KK Park နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှု များမှာ အသုံးပြုခဲ့တဲ့ တရားမဝင်အဆောက်အဦများ ဖြိုချဖျက်ဆီးထားမှုများ၊ ရွှေကုက္ကိုလ်နယ်မြေမှာ တရားမဝင် နိုင်ငံခြားသားများထားရှိရာ အဆောက်အဦများနှင့် မိုင်းခွဲဖျက်ဆီးထားသော "ရထိုက်"ကုမ္ပဏီပိုင် အွန်လိုင်းလိမ်လည် မှုလုပ်ငန်းလုပ်ကိုင်ခဲ့တဲ့ အဆောက်အဦများ၊ မြဝတီမြို့ရှိ နယ်ခြားစောင့်တပ်(BGF)လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်း ရေး ကွပ်ကဲရေးရုံးတွင်ထိန်းသိမ်းထားသော တရုတ်နိုင်ငံသားများကို ကြည့်ရှုစစ်ဆေးခဲ့ကြပါတယ်။ (NVS 008)