“ရွေးကောက်ပွဲကျင်းပပြီးစီးပါက ပေါ်ထွန်းလာမည့် ပိုမိုကောင်းမွန်သော နယ်ပယ်များအခြေအနေကို ဆွေးနွေး”
16 Dec
မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပပြီးပါက ပိုမိုကောင်းမွန်သော နယ်ပယ်များပေါ်ထွန်းလာမည့် အခြေအနေ များကို နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E.Mr. Abhay Thakur တို့ ဒီဇင်ဘာလ ၁၅ ရက် မွန်းလွဲပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ တွေ့ဆုံစဥ်မှာ မြန်မာနိုင်ငံ၌ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပပြီးပါက ပိုမိုကောင်းမွန်သောနယ်ပယ်များ ပေါ်ထွန်းလာမယ့် အခြေအနေများ၊ မြန်မာနိုင်ငံက ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ချက်ကို စတင်ချမှတ် တဲ့ နိုင်ငံ ၃ နိုင်ငံမှာအပါအဝင်ဖြစ်ပြီး လက်ရှိအချိန်အထိ ၎င်းမူများအတိုင်း ခိုင်မာစွာလိုက်နာဆောင်ရွက်လျက်ရှိမှု တို့ကို ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့က အိမ်နီးချင်းမိတ်ဆွေကောင်း နိုင်ငံများဖြစ်၍ နှစ်နိုင်ငံတပ်မတော် နှစ်ရပ်ကြား ချစ်ကြည်ရင်းနှီးမှုနှင့်ဆက်ဆံရေး တိုးတက်ကောင်းမွန်လျက်ရှိမှု၊ နှစ်နိုင်ငံနယ်စပ် ဒေသလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးတို့အတွက် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြား ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်ရေး၊ စစ်ဘက်ဆိုင်ရာသင်တန်းများ အပြန်အလှန်ဖွင့်လှစ်ရေးနှင့် လေ့ကျင့်ရေးဆိုင်ရာများမှာ ပိုမိုပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြပါတယ်။ (NVS 008)