“အသင်းနည်းပြများကို ရာထူးက ထုတ်ပယ်ခဲ့ကြတဲ့ ဆိုစီဒက်အသင်းနဲ့ အိုဗီယေဒိုအသင်း”

15 Dec

လာလီဂါကလပ်နှစ်သင်းဖြစ်တဲ့ ဆိုစီဒက်နဲ့ အိုဗီယေဒိုတို့ဟာ တနင်္ဂနွေနေ့က နည်းပြတွေကို ရာထူးက ထုတ်ပယ်ခဲ့ကြောင်း သိရပါတယ်။ ဆိုစီဒက်အသင်း ဟာ အခုတစ်ပတ်ယှဉ်ပြိုင်ကစားခဲ့တဲ့ လာလီဂါအိမ်ကွင်းပွဲစဉ်မှာ ဂျီရိုနာအသင်းကို ၁ ဂိုး ၂ ဂိုး နဲ့ ရှုံးနိမ့်ခဲ့ရပြီး နှစ်ပွဲဆက်အရှုံးရလဒ်နဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် နည်းပြ ဆာဂျီယိုဖရန်စစ္စကို ကို ရာထူးကနေ ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။ ဆာဂျီယိုဖရန်စစ္စကို ဟာ ဇူလိုင်လကမှ ဆိုစီဒက်အသင်းရဲ့နည်းပြအဖြစ် စတင်ဆောင်ရွက်ခဲ့တာဖြစ်ပြီး ၁၈ ပွဲ ကိုင်တွယ်ရာမှာ ၆ ပွဲနိုင်၊ ၄ ပွဲသရေ၊ ၈ ပွဲရှုံးခဲ့တာကြောင့် ရာထူးကနေ ထုတ်ပယ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရပါတယ်။ လာလီဂါတန်းတက်ကလပ် အိုဗီယေဒိုအသင်းကတော့ ပြီးခဲ့တဲ့အောက်တိုဘာလတုန်းက နည်းပြ ပါအူနိုဗစ် နေရာမှာ အစားထိုးခန့်အပ်ခဲ့တဲ့ နည်းပြ လူးဝစ်ကယ်ရီအွန် ကို ထပ်မံထုတ်ပယ်ခဲ့ခြင်းဖြစ်ပါတယ်။ အိုဗီယေဒိုအသင်းဟာ ပြိုင်ပွဲစုံနောက်ဆုံး ၁၀ ပွဲဆက် နိုင်ပွဲပျောက်ထားပြီး လာလီဂါမှာ အဆင့်(၁၉)နေရာ ရောက်ရှိနေပါတယ်။ ၉ ပွဲကိုင်တွယ်ရာမှာ ၄ ပွဲသရေ၊ ၅ ပွဲရှုံးထားတဲ့ နည်းပြ လူးဝစ်ကယ်ရီအွန် ကို ရာထူးကနေ ထုတ်ပယ်လိုက်ခြင်းလည်း ဖြစ်ပါတယ်။ အိုဗီယေဒိုအသင်း က ဗယ်လာဒိုလစ်နည်းပြ အယ်လ်မာဒါ ကို အစားထိုးခန့်အပ်ဖို့ စီစဉ်နေပေမယ့် ဆိုစီဒက်အသင်းကတော့ ၂၀၂၅ ကို ယာယီနည်းပြနဲ့သာ ဖြတ်သန်းသွားဖို့ စီစဉ်ထားကြောင်း သိရပါတယ်။ (NVS 008)

15 Dec

ADVERTISE HERE .