“ကာလတစ်ခုကြာ အနားယူရမယ့် အာဆင်နယ်နောက်ခံကစားသမား ဘင်ဝှိုက်”

15 Dec

အာဆင်နယ်နောက်ခံကစားသမား ဘင်ဝှိုက် ဟာ ဝုဗ်အသင်းနဲ့ပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာရခဲ့လို့ အချိန်ကာလတစ်ခုကြာ အနားယူရတော့မယ်လို့ သိရပါတယ်။ အာဆင်နယ်အသင်းနည်းပြ အာတီတာ ကလည်း ဘင်ဝှိုက် အနားယူရဖွယ်ရရှိမှုကို အတည်ပြုခဲ့ပါတယ်။ ဘင်ဝှိုက် ဟာ ပွဲချိန် ၃၁ မိနစ်မှာ ဒဏ်ရာရရှိခဲ့လို့ လူစားလဲခဲ့ရတာ ဖြစ်ပါတယ်။ ဘင်ဝှိုက် ဟာ လေးပွဲဆက်တိုက် ကစားရတာက တစ်နှစ်ကျော်ကာလအတွင်း ပထမဆုံးဖြစ်ခဲ့တယ်။ အာတီတာ က ခံစစ်ပိုင်းမှာ ဒဏ်ရာရရှိမှု များနေတာကြောင့် ဘင်ဝှိုက် ကို ဆက်တိုက်အသုံးပြုခဲ့ရတယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။ (NVS 008)

15 Dec

ADVERTISE HERE .