“ဆာလာ ကို အသင်းလူစာရင်းထဲ ပြန်လည်ထည့်သွင်းဖို့ လွယ်ကူစွာပဲ ဆုံးဖြတ်ခဲ့တယ်လို့ဆိုတဲ့ အာနယ်ဆလော့”
15 Dec
လီဗာပူးလ်အသင်းနည်းပြ အာနယ်ဆလော့ က ဆာလာ ကို အသင်းလူစာရင်းထဲ ပြန်လည်ထည့်သွင်းဖို့ လွယ်လွယ်ကူကူပဲ ဆုံးဖြတ်ခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။ ဆာလာ အနေနဲ့ လိဒ်စ်အသင်းနဲ့ပွဲအပြီး အသင်းကို ဝေဖန်ပြီးနောက် အသင်းအတွက် ပထမဆုံး ပြန်လည် ပါဝင်ကစားခဲ့ရတာ ဖြစ်ပါတယ်။ ၂၆ မိနစ်မှာ ဆာလာ လူစားဝင်ကစားချိန် လီဗာပူးလ်ပရိသတ်တွေက တစ်ခဲနက် ကြိုဆိုခဲ့ကြပြီး အသင်းအတွက်ဒုတိယသွင်းဂိုးကို ဖန်တီးပေးချိန်မှာလည်း ဆာလာ ရဲ့အောင်ပွဲခံမှုကို လက်ခုပ်သြဘာ ပေးခဲ့ပါတယ်။ ဆာလာ ဟာ အခုပွဲအပြီး အာဖရိကနိုင်ငံများဖလားပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး အနာဂတ်နဲ့ ပတ်သက်လို့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ (NVS 008)
15 Dec