“ဒီဇင်ဘာလ ၁၄ ရက်မှာ မြန်မာအားကစားအဖွဲ့ ရွှေ ၁ ခု၊ ကြေး ၅ ခု ထပ်မံဆွတ်ခူး”
15 Dec
၂၀၂၅ ထိုင်းဆီးဂိမ်းစ်ပြိုင်ပွဲ ယှဉ်ပြိုင်နေတဲ့ မြန်မာအားကစားအဖွဲ့ဟာ ဒီဇင်ဘာလ ၁၄ ရက် အားကစား ပြိုင်ပွဲများကနေ ရွှေ ၁ ခု၊ ကြေး ၅ ခု ထပ်မံဆွတ်ခူးခဲ့ပါတယ်။ ဒီဇင်ဘာလ ၁၄ ရက်ရဲ့ ရွှေဆုကို ဘိလိယက်အားကစားနည်းကနေ ရရှိခဲ့တာဖြစ်ပြီး ဗိုလ်လုပွဲမှာ မြန်မာ အသင်းက စင်ကာပူအသင်းကို ၃ ပွဲ ၁ ပွဲနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ မြန်မာအသင်းဟာ ဦးပေါက်စ၊ ဦးအောင်ဌေး၊ ဦးနေသွေးဦး တို့ ပါဝင်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါရွှေဆုဟာ ယခုနှစ် ထိုင်းဆီးဂိမ်းစ်ပြိုင်ပွဲမှာ တတိယမြောက် ရရှိခဲ့တဲ့ ရွှေဆုလည်း ဖြစ်ပါတယ်။ ကြေးတံဆိပ် ၄ ခုကို ပိုက်ကျော်ခြင်းအားကစားနည်းက ၂ ခု၊ မြင်းစီးအားကစားနည်းက ၁ ခု၊ ဂျူဒို အားကစားနည်းက ၁ ခု ရရှိခဲ့ပါတယ်။ မြန်မာအားကစားအဖွဲ့ဟာ ဒီဇင်ဘာလ ၁၄ ရက် ပြိုင်ပွဲများအပြီး ရွှေ ၃ ခု၊ ငွေ ၁၂ ခု၊ ကြေး ၂၀ ခုနဲ့ အဆင့် ၇ နေရာမှာ ရပ်တည်နေပါတယ်။ (NVS 008)
15 Dec