“အမေရိကန်က ဗင်နီဇွဲလား ရေနံကဏ္ဍနှင့်ဆက်နွယ်သည့် သင်္ဘောကုမ္ပဏီများအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု အသစ်များချမှတ်”
15 Decဗင်နီဇွဲလား ရေနံကဏ္ဍနှင့်ဆက်နွယ်သည့် သင်္ဘောကုမ္ပဏီများအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုအသစ်များ ချမှတ် ခဲ့ကြောင်း အမေရိကန်အစိုးရက ဒီဇင်ဘာလ ၁၃ ရက်တွင် ပြောကြားသည်။ ပိတ်ဆို့အရေးယူမှုများတွင် ရေနံတင်သင်္ဘော ခြောက်စင်းနှင့် သင်္ဘောလုပ်ငန်းခြောက်ခုတို့ ပါဝင်ကြောင်း အမေရိကန်ဘဏ္ဍာရေးဌာနက ကြေညာခဲ့သည်။ အဆိုပါသင်္ဘောလုပ်ငန်းများက ဗင်နီဇွဲလားသမ္မတ မာဒူရို အုပ်ချုပ်ရေးအတွက် ငွေကြေးအရင်းအနှီးများ ပံ့ပိုးပေးနေကြောင်းလည်း ၎င်းကပြောကြားခဲ့သည်။ ဗင်နီဇွဲလား သမ္မတ၏ ဆွေမျိုးသုံးဦးကိုလည်း မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုလုပ်ငန်းများတွင် ပါဝင်ကြောင်း စွပ်စွဲ ထားသည်။ ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ်မာဒူရို နှင့် ၎င်း၏ရာဇဝတ်ဂိုဏ်းများသည် အမေရိကန်ပြည်သူများကို မူးယစ် ဆေးဝါးများပေးပို့ကာ ရည်ရွယ်ချက်ရှိစွာဖြင့် တိုက်ခိုက်လျက်ရှိကြောင်း ဘဏ္ဍာရေးဝန်ကြီး စကော့တ်ဘက်ဆန့် က ပြောကြားခဲ့သည်။ သမ္မတ နီကိုလပ်စ်မာဒူရို အစိုးရနှင့်ဆက်စပ်ကုမ္ပဏီများသည် ၎င်းတို့၏ရာဇဝတ်မှုများအတွက် တာဝန်ယူရမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ လက်ရှိတွင် ဗင်နီဇွဲလားသမ္မတအပေါ် အမေရိကန်က အရှိန်မြှင့်ဖိအားပေးလျက်ရှိသည်။ ဗင်နီဇွဲလားရေနံတင်သင်္ဘောကို ဖမ်းဆီးပြီးနောက် ပိတ်ဆို့ အရေးယူမှုများ ထွက်ပေါ်လာခြင်းဖြစ်သည်ဟု NHK သတင်းဌာနဖော်ပြချက်အရ သိရသည်။