“ဆန္ဒပြုမဲပေးခြင်းနဲ့ နိုင်ငံသားတာဝန် ထမ်းဆောင်ပေးကြရန် ပြန်ကြားရေးဝန်ကြီး ပြောကြား”
15 Dec
မဲပေးခြင်းသည် နိုင်ငံသားများက အမျိုးသားရေးတာဝန်ထမ်းဆောင်ခြင်းဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း က ပြောကြားခဲ့ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) ရတနာသိင်္ဃခန်းမမှာ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်ရေး ပြည်သူလူထုလှုံ့ဆော်ရေး Campaign ကို ဒီဇင်ဘာလ ၁၃ ရက်က ကျင်းပခဲ့သည့် အခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ ပြည်ထောင်စုဝန်ကြီးက အသက် ၁၈ နှစ်ပြည့်ပြီး နိုင်ငံသားတိုင်းက မိမိတို့နိုင်ငံ၊ ရပ်ရွာ၊ ဒေသကို တိုးတက်အောင် လုပ်ဆောင်ပေးနိုင်မည့် ကိုယ်စားလှယ်များကို ဆန္ဒမဲပေးရန် တာဝန်ရှိကြောင်း၊ ထိုကဲ့သို့ ဆန္ဒမဲပေးခြင်းက နိုင်ငံသားတိုင်းရဲ့ မွေးရာပါအခွင့်အရေးဖြစ်ကြောင်း၊ ရွေးကောက်ပွဲဆိုသည်မှာ ပါတီနိုင်ငံရေးဆိုတာထက် နိုင်ငံ့အရေး ဖြစ်ကြောင်း၊ နိုင်ငံအတွက် မဲပေးသင့်သည်၊ မဲပေးရမည်ဆိုသည်ကို အသိပညာပေးလိုတဲ့အတွက် ယခုအခမ်းအနားကို ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ရွေးကောက်ပွဲကနေ ပိုမိုကောင်းမွန်သောအနာဂတ်ဆီသို့ ဖော်ဆောင်နိုင်ရေးအတွက် ပြန်ကြားရေးဝန်ကြီး ဌာနက နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်း၍ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲလှုံ့ဆော်မှု Campaign ကို နိုင်ငံတစ်ဝန်းလုံးဆောင်ရွက်လျက်ရှိပါတယ်။ အဆိုပါအခမ်းအနားကို နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ် များနှင့် ပါမောက္ခ(ဌာနမှူးများ)၊ ကထိကများ၊ ဆရာ/ဆရာမများ၊ သင်တန်းသား/သင်တန်းသူများ၊ သန္ဓေမိသားစုများ၊ တာဝန်ရှိသူများနှင့်အတူ တက်ရောက်အားပေးခဲ့ကြောင်း သိရပါတယ်။ (NVS 004)