“ဒီဇင်ဘာလအတွင်း နိုင်ငံတကာ ကုန်သေတ္တာတင်ယာဉ် ၅၉ စင်း ဝင်ရောက်ဆိုက်ကပ်မည်”
15 Dec
ယခုဒီဇင်ဘာလအတွင်း နိုင်ငံတကာ ကုန်သေတ္တာတင်ယာဉ် ၅၉ စင်း ဝင်ရောက်ဆိုက်ကပ်မယ်လို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ကနေ သိရပါတယ်။ ကုန်သွယ်မှုလုပ်ငန်းများကို ပင်လယ်ကုန်သွယ်ရေးလမ်းကြောင်းမှ ပိုမိုဆောင်ရွက်နေပြီး ရန်ကုန်အပြည်ပြည် ဆိုင်ရာဆိပ်ကမ်းများသို့ အပြည်ပြည်ဆိုင်ရာကုန်သေတ္တာတင်သင်္ဘောများ လစဉ်ပုံမှန်ဝင်ရောက် ဆိုက်ကပ်လျက် ရှိပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလမှ နိုဝင်ဘာလအတွင်း နိုင်ငံတကာကုန်သေတ္တာတင်ယာဉ် ၆၇၂ စင်း ဝင်ရောက်ဆိုက်ကပ် ခဲ့ကြောင်းပြီး ၂၀၂၄ ခုနှစ် တစ်နှစ်တာအတွင်း ပြည်တွင်းသို့ နိုင်ငံတကာကုန်သေတ္တာတင်ယာဉ် ၆၃၃ စင်း ဝင်ရောက် ဆိုက်ကပ်ခဲ့ပါတယ်။ ရန်ကုန်ဆိပ်ကမ်းဧရိယာမှာ အပြည်ပြည်ဆိုင်ရာ ရေယာဉ်ကြီးများဆိုက်ကပ်နိုင်တဲ့ ဆိပ်ကမ်းတံတား ၂၇ စင်း၊ ရန်ကုန်သီလဝါအပြင် ဆိပ်ကမ်းဧရိယာမှာ ဆိပ်ကမ်းတံတား ၁၉ စင်း စုစုပေါင်း ၄၆ စင်းနဲ့ ဝန်ဆောင်မှု ပေးနေခြင်း ဖြစ်ပါတယ်။ ပြည်ပသို့ ပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေး၊ ပြည်တွင်းလိုအပ်ချက်အရ သွင်းကုန်များလည်း တိုးမြှင့်တင်သွင်း နိုင်ရန်နှင့် ကုန်သေတ္တာသင်္ဘောလိုင်းအသီးသီးမှ ခရီးစဉ်များ ပြန်လည်တိုးချဲ့ပြေးဆွဲရန် စီစဉ်ထားရှိကြောင်း သိရပါတယ်။ (NVS 004)