လိုက်ဟဲဗီးဝိတ်တန်း ပြိုင်ဘက်ကင်းကမ္ဘာ့ချန်ပီယံဆုအတွက် ဘီဗိုလ်နှင့် မကျေပွဲထိုးသတ်လိုကြောင်း ဘီတာ ဘီယက်ဖ် ပြောကြား
14 Dec
ဘီတာဘီယက်ဖ်က လိုက်ဟဲဗီးဝိတ်တန်း ပြိုင်ဘက်ကင်းကမ္ဘာ့ချန်ပီယံဆုကို ပိုင်ဆိုင်ထားသူ ဘီဗိုလ်နှင့် မကျေပွဲထိုးသတ်လိုကြောင်း ပြောကြားခဲ့ပါတယ်။ ရုရှားလက်ဝှေ့သမားများဖြစ်ကြတဲ့ ဘီဗိုလ်နှင့် ဘီတာဘီယက်ဖ် တို့ဟာ လိုက်ဟဲဗီးဝိတ်တန်း ပြိုင်ဘက်ကင်းကမ္ဘာ့ချန်ပီယံဆုအတွက်၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၂ ရက်တွင် ပထမဆုံးအကြိမ်ထိုးသတ်ခဲ့ကြပြီး ဘီတာဘီယက်ဖ် က ဒိုင်အမှတ်ဖြင့် အနိုင်ရရှိခဲ့ပါတယ်။ မကျေပွဲစဉ်အဖြစ် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်တွင် ထိုးသတ်ခဲ့ရာ ဘီဗိုလ်က ဒိုင်အမှတ်ဖြင့် ပြန်လည်အနိုင်ရခဲ့ပါတယ်။ ဒါကြောင့် ဘီတာဘီယက်ဖ်က မပြတ်သားတဲ့အနိုင်အရှုံးရလဒ်ကို အဖြေထုတ်လိုတာကြောင့် တတိယ မြောက်မကျေပွဲစဉ်ကို ထိုးသတ်ရန် စီစဉ်နေခြင်းဖြစ်ပါတယ်။ ဘီတာဘီယက်ဖ် က ဘီဗိုလ်သာ လက်ခံမည်ဆိုပါက တတိယမြောက်စိန်ခေါ်ပွဲကို ထိုးသတ်ချင်ကြောင်းနှင့် လိုက်ဟဲဗီးဝိတ်တန်းမှာ ဘယ်သူအကောင်းဆုံးလည်း ဆိုတာကို သက်သေပြချင်ကြောင်း ပြောကြားခဲ့ပါတယ်။ (NVS 008)