နော်တင်ဟန်ဖောရက်စ်အသင်းက ကစားသမား အီလီယော့အန်ဒါဆန်၏ ပြောင်းရွှေ့ကြေးကို ပေါင် သန်း ၁၀၀ အထိ အလိုရှိနေ

14 Dec

နော်တင်ဟမ်ဖောရက်စ်အသင်းဟာ အသင်းကွင်းလယ်ကစားသမား အီလီယော့အန်ဒါဆန်၏ ပြောင်းရွှေ့ ကြေးကို စတာလင်ပေါင် သန်း ၁ဝဝ အထိအလိုရှိနေကြောင်း သိရပါတယ်။ အသက် ၂၃ နှစ် အရွယ်ရှိ ကွင်းလယ်ကစားသမားကို လက်ရှိအချိန်တွင် ချဲလ်ဆီးအသင်းက ခေါ်ယူရန် စိတ်ဝင်စားလျက်ရှိနေပါတယ်။ ကွင်းလယ်ကစားသမား အီလီယော့အန်ဒါဆန်ဟာ နော်တင်ဟမ်ဖောရက်စ်အသင်းနှင့် အတူ ယခုနှစ် ဘောလုံး ရာသီတွင် ပြိုင်ပွဲစုံ ပွဲ ၂ဝ ကစားကာ တစ်ဂိုးသွင်းယူပေးထားနိုင်ခဲ့ပါတယ်။ နော်တင်ဟမ်ဖောရက်စ် အသင်းကလည်း အီလီယော့အန်ဒါဆန်ကို ၄င်းတို့အလိုရှိသည့် ပြောင်းရွှေ့ကြေး အတိုင်း ပေးချေမည့် ဘယ်အသင်းကိုမဆို ရောင်းချသွားမှာ ဖြစ်တာကြောင့် ချဲလ်ဆီးအသင်းအနေနဲ့ နော်တင်ဟမ် ဖောရက်စ်အသင်း အလိုရှိတဲ့ ပြောင်းရွှေ့ကြေးအား ပေးချေပြီး ခေါ်ယူနိုင်မှာလားဆိုသည်မှာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ (NVS 008)

14 Dec

ADVERTISE HERE .