ပရီးမီးယားလိဂ်ပြိုင်ပွဲ နိုဝင်ဘာလ၏အကောင်းဆုံးဆုများကို နည်းပြမာရက်စ်ကာနှင့် အီဂေါသီယာဂိုတို့ ဆွတ်ခူး

14 Dec

ပရီးမီးယားလိဂ်ပြိုင်ပွဲ နိုဝင်ဘာလအကောင်းဆုံးဆုများကို ချဲလ်ဆီးအသင်းနည်းပြ မာရက်စ်ကာနှင့် ဘရန့်ဖို့ဒ်အသင်းတိုက်စစ်မှူး အီဂေါသီယာဂိုတို့က ဆွတ်ခူးခဲ့ကြောင်း သိရပါတယ်။ အီဂေါသီယာဂိုသည် ပြီးခဲ့သည့် နွေရာသီကစားသမားအပြောင်း အရွှေ့ကာလက ကလပ်ဘရုဂျက်အသင်းမှ ဘရန့်ဖို့ဒ်အသင်းသို့ ပြောင်းရွှေ့ပြီး အသင်းနှင့်အတူပထမဆုံး ဘောလုံးရာသီတွင် အကောင်းဆုံး ခြေစွမ်းပြသထားကာ နိုဝင်ဘာလအတွင်း ကစားခဲ့ သည့် ပွဲစဉ်များတွင်လည်း အကောင်းဆုံးခြေစွမ်းပြသခဲ့တာကြောင့် တစ်လတာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးခဲ့ခြင်း ဖြစ်ပါတယ်။ ချဲလ်ဆီးနည်းပြမာရက်စ်ကာကလည်း နိုဝင်ဘာလအတွင်း ကစားခဲ့သည့် ပွဲစဉ်များဖြစ်တဲ့ စပါးအသင်း၊ ဝုဗ်အသင်း၊ ဘန်လေအသင်းတို့နှင့် ပွဲစဉ်များ၌ အနိုင်ရရှိအောင် စွမ်းဆောင်ပေးခဲ့ပြီး အာဆင်နယ်အသင်းနှင့် ပွဲစဉ် တွင်လည်း ကစားသမားတစ်ယောက်လျော့နဲ့ သရေရလဒ်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ကာ တစ်လအတွင်း လေးပွဲ တွင် သုံးပွဲနိုင်၊ တစ်ပွဲသရေနဲ့ ရှုံးပွဲမရှိစွမ်းဆောင်နိုင်ခဲ့တာကြောင့် တစ်လတာအကောင်းဆုံး နည်းပြဆုကို ဆွတ်ခူးခဲ့ ခြင်းဖြစ်ပါတယ်။ (NVS 008)

14 Dec

ADVERTISE HERE .