အလာဗက်အသင်းနှင့်ပွဲစဉ်တွင် အဓိကကစားသမားများအပါအဝင် ကစားသမား ၁၂ ဦးထိ မပါဝင်နိုင်ကြောင်း ရီးရဲလ်နည်းပြ အလွန်ဆို ပြောကြား

14 Dec

အလာဗက်အသင်းနဲ့ပွဲစဉ်တွင် အမ်ဘတ်ပီအပါအဝင် ကစားသမား ၁၂ ဦး ပါဝင်နိုင်မည်မဟုတ်ကြောင်း ရီးရဲလ်နည်းပြ အလွန်ဆို ကပြောကြားခဲ့ကြောင်း သိရပါတယ်။ တိုက်စစ်မှူး အမ်ဘက်ပီဟာ ဒီဇင်ဘာလ ၈ ရက်က ဆဲလ်တာဗီဂိုအသင်းကို နှစ်ဂိုး ဂိုးမရှိနဲ့ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ပွဲချိန်ပြည့်ပါဝင်ကစားခဲ့ပြီး ပြိုင်ပွဲပြီးဆုံးချိန်တွင် ဒူးဒဏ်ရာရခဲ့တာကြောင့် မန်စီးတီးအသင်းနှင့်ချန်ပီယံလိဂ်ပွဲစဉ်ကို လွဲချော်ခဲ့ပါတယ်။ ဒါ့အပြင် အဓိက ကစားသမားများဖြစ်တဲ့ အာနိုး၊ ကာဗာဂျယ်၊ မန်ဒီ၊ အလာဘာ၊ မီလီတာအိုတို့ဟာ ဒဏ်ရာရရှိနေပြီး ကာရီးရက်စ်နှင့်ဂါစီယာတို့ဟာ ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်နိုင်မည်မဟုတ်ဘဲ ဗယ်ဗာဒီ၊ ဟူဂျီဆန်၊ ကာမာဗင်ဂါ၊ ဂါစီယာတို့လည်း ပါဝင်ရန်မသေချာကြောင်း နည်းပြအလွန်ဆိုက ပြောကြားခဲ့ပါတယ်။ နည်းပြအလွန်ဆိုဟာ နောက်ဆုံးကစားခဲ့တဲ့ အမှတ်ပေးပြိုင်ပွဲငါးပွဲတွင် တစ်ပွဲသာအနိုင်ရခဲ့ပြီး ဖိအားအောက် ရောက်ရှိနေကာ ပြိုင်ဘက်ဘာစီလိုနာအသင်းနှင့် ရမှတ်လေးမှတ်ကွာဟနေသောကြောင့် အလာဗက်အသင်းနှင့် ပွဲစဉ်ကို အနိုင်ရရန် လိုအပ်နေပါတယ်။(NVS 008)

14 Dec

ADVERTISE HERE .