ပရီးမီးယားလိဂ်သမိုင်းမှာ ကလပ်တစ်သင်းတည်းအတွက် ဂိုးပါဝင်ပတ်သက်မှု အများဆုံးဖြစ်လာတဲ့ ဆာလာ

14 Dec

ပရီးမီးယားလိဂ်သမိုင်းမှာ ကလပ်တစ်သင်းတည်းအတွက် ဂိုးပါဝင်ပတ်သက်မှုအများဆုံးအဖြစ် လီဗာပူးလ် တိုက်စစ်ကစားသမား ဆာလာ ဖြစ်လာခဲ့ပါတယ်။ ဆာလာဟာ လီဗာပူးလ်နဲ့ဘရိုက်တန်ပွဲစဉ်မှာ ၂၆ မိနစ်တွင် လူစားဝင်ကစားခဲ့ပြီး မိနစ် ၆၀ မှာတော့ ဆာလာက အကီတီကေရဲ့ဒုတိယဂိုးကို ဖန်တီးပေးခဲ့ပါတယ်။ ဆာလာဟာ ဂိုးပါဝင်ပတ်သက်မှု ၂၇၇ ဂိုး (၁၈၈ ဂိုးသွင်း၊ ၈၉ ဂိုးဖန်တီး)ရှိလာပြီး ပရီးမီးယားလိဂ်သမိုင်းမှာ ကလပ်တစ်သင်းတည်းအတွက် ဂိုးပါဝင်ပတ်သက်မှုအများဆုံးအဖြစ် မှတ်တမ်းသစ်ရေးထိုးနိုင်ခဲ့ပါတယ်။ ဆာလာ ဟာ ရွန်နီရဲ့စံချိန် ၂၇၆ ဂိုး(၁၈၃ ဂိုးသွင်း၊ ၉၃ ဂိုးဖန်တီး)ကို ကျော်ဖြတ်ခဲ့တာဖြစ်တယ်။ ဒါ့အပြင် ပရီးမီးယား လိဂ်ပြိုင်ပွဲရဲ့ဂိုးပါဝင်ပတ်သက်မှုအများဆုံးစာရင်းမှာလည်း ဆာလာ ဟာ ဂိုး ၂၈၀ နဲ့ လမ်းပတ်ရဲ့စံချိန် ၂၇၉ ဂိုးကို ကျော်ဖြတ်ကာ တတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ (NVS 008)

14 Dec

ADVERTISE HERE .