မဟာမြတ်မုနိဘုရားကြီးအား ခြုံထည်ကတ္တီပါသင်္ကန်း ကပ်လှူနိုင်
14 Dec
မန္တလေးမဟာမြတ်မုနိဘုရားကြီး (မဟာမြတ်မုနိရုပ်ရှင်တော်မြတ်)ကို ခြုံထည်ကတ္တီပါ သင်္ကန်းကပ်လှူ ပူဇော်နိုင်ကြောင်း ဂေါပကအဖွဲ့မှ သိရပါတယ်။ ဆောင်းတွင်းအခါသမယ၌ ဗုဒ္ဓဘာသာသက်ဝင်ယုံကြည်သူများ အတွက် ကုသိုလ်ကောင်းမှုတစ်ခုအဖြစ် စီစဉ်ပေးထားခြင်းဖြစ်ကြောင်း သိရပါတယ်။ ထိုသို့ လှူဒါန်းနိုင်ရန်အတွက် အသင့်ပြင်ဆင်ထားပြီးသား ခြုံထည်ကတ္တီပါသင်္ကန်းတစ်ထည်လျှင် ငွေကျပ် ၉၀,၀၀၀ နှုန်းဖြင့် ကြိုတင်ငွေသွင်း၍ လှူဒါန်းနိုင်ပြီး၊ လှူဒါန်းမည့်ရက်ကို ၃ ရက်ကြိုတင်စာရင်းပေးသွင်း၍ ၀၉ ၉၆၀ ၃၀၀ ၅၇၀ သို့ ဆက်သွယ် လှူဒါန်း နိုင်ကြောင်း အသိပေးထားပါတယ်။ မန္တလေး မဟာမြတ်မုနိဘုရားကြီးကို ခေတ်အဆက်ဆက် သက်တော်ထင်ရှားဂေါတမမြတ်စွာဘုရားရှင် အား ကိုးကွယ်ပူဇော်သည့် အစဉ်အလာအတိုင်း ယနေ့အထိဆောင်ရွက်နေခြင်းဖြစ်ပြီး၊ နေ့စဉ် နံနက်အရုဏ်တက် ချိန်တွင် မျက်နှာသစ်တော်ရေဆက်ကပ်လှူဒါန်းခြင်းဖြင့် ဘုရားကြီးအားရောင်တော်ဖွင့်ခြင်းတို့ကို နေ့စဉ်မပြတ် လုပ်ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။ (NVS 004)