မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် တရုတ်နိုင်ငံမှ လုပ်ငန်းရှင်များကိုဖိတ်ခေါ်

14 Dec

တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ဒီဇင်ဘာလ ၁၂ ရက်၌ ကျင်းပခဲ့တဲ့ မြန်မာ-တရုတ်စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံ မှုဖိုရမ်တွင် တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေက တရုတ်နိုင်ငံမှ လုပ်ငန်းရှင်များ မြန်မာ နိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံကြရန် ဖိတ်ခေါ်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ဖိုရမ်တွင် မြန်မာသံအမတ်ကြီး က ပြောြကားခဲ့‌သော မိန့်ခွန်းတွင် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံနိုင်သည့် နယ်ပယ်အများအပြားရှိပြီး ဒီဂျစ်တယ် စီးပွားရေးလုပ်ငန်းများ၊ လျှပ်စစ်လုပ်ငန်းများ၊ အစိမ်းရောင်စီးပွားရေးလုပ်ငန်းများနှင့်အဆင့်မြင့်နည်းပညာသုံး လုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ၊ ကျောက်မျက်လုပ်ငန်းများ စသည့် ကဏ္ဍများတွင် လာရောက်ရင်းနှီးမြှုပ်နှံနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံလျက်ရှိသည့် နိုင်ငံပေါင်း ၅၃ နိုင်ငံအနက် ဒုတိယမြောက် နေရာတွင်ရှိပြီး နှစ်နိုင်ငံအကြား ကုန်သွယ်မှုတန်ဖိုးမှာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ဇူလိုင်လအထိ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၃,၀၀၀ ကျော်ရှိကြောင်း သိရပါတယ်။ မြန်မာနိုင်ငံအနေနဲ့လည်း တန်ဖိုးမြင့် သစ်အခြေခံ ထုတ်ကုန်များ ထုတ်လုပ်ပြီး ပြည်တွင်း/ ပြည်ပဈေးကွက်များသို့ ဖြန့်ဖြူးတင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိသည့်အတွက် နှစ်နိုင်ငံအကြားကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတို့ကို ယခုထက် ပိုမိုတိုးမြှင့်ဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် မန္တလေးငလျင်ကြီးပြီးနောက် အခြေခံ အဆောက် အအုံကဏ္ဍ၊ လမ်းပန်းဆက်သွယ်ရေး၊ ဆောက်လုပ်ရေးကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများစွာ လိုအပ်လျက် ရှိကြောင်းလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။ အဆိုပါဖိုရမ်သို့ တရုတ်စီးပွားရေးလုပ်ငန်းရှင်များနှင့် ဖိတ်ကြား ထားတဲ့ ဧည့်သည်တော် ၁၂၀ ဝန်းကျင်ခန့် တက်ရောက်ခဲ့ကြောင်း သိရပါတယ်။ (NVS 004)

14 Dec

ADVERTISE HERE .