ဗီယက်နမ်နိုင်ငံက၂ဝ၄၅ ခုနှစ်တွင် လွတ်လပ်သောကုန်သွယ်မှုဇုန် ၁၀ ခု ထူထောင်ရန်စီစဉ်
14 Dec
ဗီယက်နမ်နိုင်ငံ၏ဘက်စုံဖွံ့ဖြိုးတိုးတက်မှုနှင့်နိုင်ငံတကာသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရန် ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအဖြစ် ၂၀၄၅ ခုနှစ်တွင် နိုင်ငံတစ်ဝန်း၌လွတ်လပ်သော ကုန်သွယ်မှုဇုန် ၁၀ ခု အထိ ထူထောင်ရန် စီစဉ်နေကြောင်း အစိုးရပေါ်တယ်က သတင်းထုတ်ပြန်သည်။ နိုင်ငံ၏မြောက်ပိုင်းဆိပ်ကမ်း မြို့ ဖြစ်သည့် ဟိုင်ဖောင်၊ ဒါနန်းမြို့နှင့်တောင်ပိုင်းအချက်အချာကျသည့် ဟိုချီမင်းမြို့အပါအဝင် မြို့ကြီးများ၌ လွတ်လပ်သောကုန်သွယ်မှုဇုန်များကို ၂၀၂၆ ခုနှစ်တွင် စတင်ဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း ဒီဇင်ဘာလ ၁၂ ရက်တွင် ပြုလုပ်သည့် အစိုးရအဖွဲ့အစည်းအဝေးတွင် ဘဏ္ဍာရေးဝန်ကြီးဌာနက အဆိုပြုပြောကြားခဲ့သည်။ ၂၀၃၀ ပြည့်နှစ်တွင် လွတ်လပ်သောကုန်သွယ်မှုဇုန်ခြောက်ခုမှရှစ်ခုအထိ ဖွံ့ဖြိုးတိုးတက်မှုရရှိရန် ရည်မှန်း ထားကြောင်းအဆိုပြုချက်တွင် ဖော်ပြထားသည်။ ထို့ပြင် ၂၀၄၅ ခုနှစ်တွင် ကုန်သွယ်မှုဇုန်များအားလုံး ပေါင်းစည်းမှု မှ နိုင်ငံ၏ပြည်တွင်းအသားတင်ထုတ်လုပ်မှု၏ ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ ပံ့ပိုးပေးနိုင်ရန် မျှော်မှန်းထား ကြောင်း ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။