ထိုင်းအောက်လွှတ်တော်ကို ဝန်ကြီးချုပ် အနူတင် ဖျက်သိမ်း

13 Dec

လာမည့်နှစ်အတွင်း ရွေးကောက်ပွဲသစ်များ ကျင်းပရေးအတွက် ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူးလ် က ထိုင်းလွှတ်တော်ကို ဖျက်သိမ်းခဲ့ကြောင်း Xinhua သတင်းဌာနက ဖော်ပြထားသည်။ ထိုင်းဘုရင်မင်းမြတ် မဟာဝိဇယ လောင်ကွန်း ၏ သဘောတူညီချက်ဖြင့် ထိုင်းအောက်လွှတ်တော်ကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။ ထိုင်းဝန်ကြီးချုပ်၏ အောက်လွှတ်တော်ရွေးကောက် လွှတ်တော်ဖျက်သိမ်းရေးအစီအစဉ်ကို အတည်ပြု လက်ခံကြောင်း ထုတ်ပြန်ထားသည့်ပြန်တမ်း၌ ဖော်ပြထားသည်။ အောက်လွှတ်တော်ကို ဖျက်သိမ်းပြီးနောက် ၄၅ ရက်မှ ရက်ပေါင်း ၆၀ အတွင်း လွှတ်တော်ရွေးကောက်ပွဲများ ကျင်းပမည်ဖြစ်ကြောင်း ထိုင်းဘုရင့်နန်းတော် ပြန်တမ်း၌ အတည်ပြုထားသည်။ ထိုင်းနှင့် ကမ္ဘောဒီးယားနှစ်နိုင်ငံတို့အကြား ရက်သတ္တပတ်နီးပါးကြာ နယ်စပ်ပဋိပက္ခများ ဖြစ်ပွား နေချိန်တွင် ထိုင်းဝန်ကြီးချုပ်က အောက်လွှတ်တော်ကို ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။ ထိုင်းဝန်ကြီးချုပ် အနူတင်ချန်ဗီ ရာကူးလ် သည် ဝန်ကြီးချုပ်ဟောင်း ပေတုန်တန် ရှင်နာဝပ် ရာထူးမှ ဖယ်ရှားခံခဲ့ရပြီးနောက် ယခုနှစ်စက်တင်ဘာလတွင် ထိုင်းဝန်ကြီးချုပ်ရာထူးကို စတင်ရယူခဲ့သူဖြစ်ကြောင်း သိရသည်။

13 Dec

ADVERTISE HERE .