အာဆင်နယ်အသင်း လူငယ်ကစားသမား ဒိုမန်း ဒဏ်ရာကြောင့် နှစ်လခန့်အနားယူရမည်
12 Dec
အာဆင်နယ်အသင်းမှ အသက် ၁၅ နှစ်အရွယ် လူငယ်ကစားသမား ဒိုမန်း ဟာ မန်ယူအသင်းနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲစဉ်မှာ ရရှိခဲ့တဲ့ဒဏ်ရာကြောင့် နှစ်လခန့်အနားယူရမည်ဖြစ်ကြောင်း Fotmob သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ ဒိုမန်း ရဲ့ ဒဏ်ရာအခြေအနေကို စစ်ဆေးမှုများပြုလုပ်ခဲ့ရာ ခွဲစိတ်ကုသမှုခံယူရန် မလိုအပ်သော်လည်း ခြေကျင်းဝတ်အရွတ် ထိခိုက်ခဲ့လို့ နှစ်လခန့်အနားယူရမှာဖြစ်ပါတယ်။ ဒါကြောင့် အာဆင်နယ်အသင်းက ချန်ပီယံလိဂ်ပြိုင်ပွဲကစားမည့် လူစာရင်းမှ ဒိုမန်း ကို ချန်လှပ်ခဲ့ပြီး လာမည့်အုပ်စုပွဲစဉ်များဖြစ်တဲ့ အင်တာမီလန်နဲ့ အာမက်တီအသင်းတို့နဲ့ ပွဲစဉ်များကို လွဲချော်သွားမှာဖြစ်ပါတယ်။ လူငယ်ကစားသမား ဒိုမန်း ဟာ အာဆင်နယ်ယူ-၁၈ အသင်းမှာ ကစားနေစဉ် ခြေစွမ်းပိုင်းထက်မြက်မှုကြောင့် ယခုနှစ်မှာ အသင်းကြီးသို့ ခေါ်ယူခံခဲ့ရပြီး ပြိုင်ပွဲစုံ ငါးပွဲအထိ ပါဝင်ကစားခွင့်ရခဲ့ကာ နည်းပြ အာတီတာ ရဲ့ ယုံကြည်မှုကို ရခဲ့တာဖြစ်ပါတယ်။(NVS 008)