အဲဗာတန်အသင်းက ဂရီးလစ်ရှ် ကို အပြီးသတ်ခေါ်ယူရန်စီစဉ်
12 Dec
အဲဗာတန်အသင်းက မန်စီးတီးအသင်းမှ အငှားဖြင့်ခေါ်ယူထားသည့် ကွင်းလယ်ကစားသမား ဂရီးလစ်ရှ်ကို အပြီးသတ်ခေါ်ယူရန် စီစဉ်လျက်ရှိကြောင်း သိရပါတယ်။ အသက် ၃ဝ အရွယ် ကွင်းလယ်ကစားသမား ဂရီးလစ်ရှ် အနေနဲ့ ယခုနှစ်ဘောလုံးရာသီတွင် မန်စီးတီး အသင်းမှ အဲဗာတန်အသင်းသို့ အငှားဖြင့် လာရောက်ကစားပြီး ပြိုင်ပွဲစုံ ၁၅ ပွဲကစားကာ နှစ်ဂိုးသွင်းယူပြီး ခြေစွမ်းပြနိုင် ခဲ့ခြင်းကြောင့် အဲဗာတန်အသင်းက အပြီးသတ်ခေါ်ယူရန် စီစဉ်လာခြင်းဖြစ်ပါတယ်။ ဂရီးလစ်ရှ် ကိုယ်တိုင်ကလည်း အဲဗာတန်အသင်းမှာ ပျော်ရွှင်နေခဲ့လို့ အဲဗာတန်အသင်းက ဂရီးလစ်ရှ် ကို ခေါ်ယူရန် စီစဉ်ခဲ့တာဖြစ်ပါတယ်။(NVS 008)
12 Dec