ယခုနှစ်ဘောလုံးရာသီအကုန်တွင် ရီးရဲလ်မက်ဒရစ်အသင်းမှ ထွက်ခွာမည့် အလာဘာ
12 Dec
ရီးရဲလ်မက်ဒရစ်အသင်း နောက်ခံကစားသမား အလာဘာ အနေနဲ့ အသင်းနှင့် စာချုပ်သက်တမ်း ထပ်မံ မတိုးတော့ဘဲ ယခုနှစ်ဘောလုံးရာသီအကုန်တွင် အသင်းမှ ထွက်ခွာတော့မှာဖြစ်ပါတယ်။ အသက် ၃၃ နှစ်အရွယ် နောက်ခံကစားသမားကို လက်ရှိတွင် ဆော်ဒီကလပ်အသင်းများအပြင် မေဂျာလိဂ် ကလပ်အသင်းများစွာကလည်း ခေါ်ယူရန် စိတ်ဝင်စားလျက်ရှိပါတယ်။ နောက်ခံကစားသမား အလာဘာ ဟာ ရီးရဲလ်မက်ဒရစ်အသင်းနှင့်အတူ ၂ဝ၂၁-၂၀၂၂ မှ လက်ရှိဘောလုံးရာသီအထိ ပြိုင်ပွဲစုံပွဲ ၁၂ဝ ကစားပြီး ငါးဂိုး သွင်းယူထားနိုင်ခဲ့ကာ ချန်ပီယံလိဂ်ဖလား နှစ်ကြိမ်၊ လာလီဂါ နှစ်ကြိမ်နှင့် အခြားပြည်တွင်းဆုဖလား များစွာကိုလည်း ရယူနိုင်ခဲ့ပါတယ်။ နောက်ခံကစားသမား အလာဘာ အနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းမှ ထွက်ခွာပြီး မည်သည့်အသင်းသို့ ပြောင်းရွှေ့ရောက်ရှိမလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။(NVS 008)
12 Dec