ချန်ပီယံလိဂ်ငါးပွဲဆက် ဂိုးသွင်းယူနိုင်သည့် ပထမဆုံးအာဆင်နယ်ကစားသမားအဖြစ် မာတင်နယ်လီ မှတ်တမ်းဝင်

12 Dec

အာဆင်နယ်အသင်း တောင်ပံတိုက်စစ်ကစားသမား မာတင်နယ်လီ အနေနဲ့ ချန်ပီယံလိဂ်တွင် ငါးပွဲဆက် ဂိုးသွင်းယူနိုင်သည့် ပထမဆုံး အာဆင်နယ်အသင်းကစားသမားအဖြစ် စံချိန်မှတ်တမ်းဝင်ခဲ့ပါတယ်။ မာတင်နယ်လီ ဟာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် အာဆင်နယ်အသင်းက ဘရုဂျက်အသင်းကို သုံးဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့်ပွဲစဉ်တွင် သွင်းဂိုးတစ်ဂိုး သွင်းယူပေးခဲ့ပြီးနောက် ယခုလိုမှတ်တမ်းတစ်ရပ်ကို ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ မာတင်နယ်လီ ဟာ အာဆင်နယ်အသင်းနှင့်အတူ ၂၀၁၉-၂၀၂၀ မှ လက်ရှိဘောလုံးရာသီအထိ ပြိုင်ပွဲစုံ ၂၄၂ ပွဲကစားပြီး ၅၇ ဂိုးသွင်းယူကာ ခြေစွမ်းပြထားနိုင်ခဲ့ပါတယ်။ အသက် ၂၄ နှစ်အရွယ် မာတင်နယ်လီ က အခုလို စံချိန်မှတ်တမ်းကောင်းတစ်ရပ် ပိုင်ဆိုင်ခဲ့လို့ ပျော်ရွှင်မိ ကြောင်းနဲ့ နောက်ထပ်သွင်းဂိုးတွေအပြင် အသင်းအောင်မြင်မှုများရရှိဖို့ ဆက်လက်ကြိုးစားသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။(NVS 008)

12 Dec

ADVERTISE HERE .