“စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေး ထပ်မံကျဆင်း”
12 Dec
ယခုတစ်ပတ် ဒီဇင်ဘာလ ၁၂ ရက်မှ ၁၈ ရက်ထိအတွက် စားအုန်းဆီ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးအနေနဲ့ တစ်ပိဿာလျှင် ၆,၁၁၅ ကျပ်ဖြစ်ပြီး ယခင်တစ်ပတ် ဒီဇင်ဘာလ ၅ ရက်မှ ၁၁ ရက်ထိ ဈေးနှုန်းမှာ ၆,၁၄၀ ကျပ် ဖြစ်၍ ၂၅ ကျပ် ထပ်မံကျဆင်းနေကြောင်း သိရပါတယ်။ စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးသည် အောက်တိုဘာလတွင် တစ်ပိဿာလျှင် ၆,၅၈၅ ကျပ်မှ လက်ရှိ ဒီဇင်ဘာလ ဒုတိယအပတ်တွင် ငွေကျပ် ၆,၁၄၀ ထိ ဈေးနှုန်းဖြင့် ဆက်တိုက်ကျဆင်းလာပြီး နှစ်လအတွင်း တစ်ပိဿာလျှင် ငွေကျပ် ၄၅၀ ဝန်းကျင်အထိ ကျဆင်းလာခြင်းဖြစ်ပါတယ်။ စားအုန်းဆီများကို ဈေးကွက်အတွင်း ထုတ်ပြန်ကြေညာထားသည့် စျေးနှုန်းထက် ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့်လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ အသိပေးထားပါတယ်။ ပြည်ပမှစာအုန်းဆီများကို ဝယ်ယူတင်သွင်းရာတွင် စားအုန်းဆီတင်ပို့သည့် နိုင်ငံများ၏ ဈေးနှုန်းအတက်အကျ ပေါ်မူတည်၍ ပြည်တွင်းတွင် ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်ရှိကြောင်း သိရပါတယ်။ (NVS-004)