“ဒီဇင်ဘာလအတွက် မြေဩဇာရည်ညွန်းဈေးများ ထုတ်ပြန်”
12 Dec
မြန်မာနိုင်ငံမြေသြဇာ၊ မျိုးစေ့နှင့်စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းမှ တောင်သူများ အဓိကသုံးစွဲလျက်ရှိ နေသော မြေသြဇာအမျိုးအစားနှစ်မျိုးအတွက် ရည်ညွှန်းဈေးများ သတ်မှတ်ထုတ်ပြန်လိုက်ကြောင်း သိရပါတယ်။ ထုတ်ပြန်ချက်အရ ဒီဇင်ဘာလ ၁ ရက်မှ ၃၁ ရက်အထိ မြေဩဇာလက်ကားရည်ညွှန်းဈေးနှုန်းများမှာ ယူရီးယားမြေဩဇာ(အလုံးကြီး) ၅၀ ကီလိုတစ်အိတ်လျှင် ငွေကျပ် ၉၄,ဝဝဝ၊ DiAmmonium Phosphate အခြေခံ ၁၅ ပတ်လည် ၅ဝ ကီလိုတစ်အိတ်လျှင် ငွေကျပ် ၁၁၅,၀၀၀ ဖြင့် သတ်မှတ်ထားပါတယ်။ သတ်မှတ်ထားသည့် ဈေးနှုန်းများက ရန်ကုန်အထိုင် လက်ကားဈေးများဖြစ်ပြီး ဒေသအလိုက် သယ်ယူ ပို့ဆောင်စရိတ်ပေါ်မူတည်ကာ ဈေးနှုန်းအနည်းငယ် ကွာခြားမှုရှိနိုင်ပြီး မြေသြဇာများကို ရည်ညွှန်းဈေးနှင့်အညီ ရောင်းချခြင်းမပြုပါက သက်ဆိုင်ရာထံသို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပေးထားပါတယ်။ ၂၀၂၅-၂ဝ၂၆ ဘဏ္ဍာနှစ် ဧပြီလမှ ဒီဇင်ဘာလအထိ ၉ လအတွင်း ပြည်ပမှ မြေသြဇာတန်ချိန် တစ်သိန်းခွဲကျော် တင်သွင်းထားကြောင်း သိရပါတယ်။ (NVS-004)