“လွတ်လပ်ရေးနေ့အကြို အလွတ်တန်းစက်ဘီးပြိုင်ပွဲကျင်းပမည်”

12 Dec

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ၂၀၂၆ ခုနှစ်၊ (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အမျိုးသား၊ အမျိုးသမီးအလွတ်တန်း စက်ဘီးပြိုင်ပွဲကို ဒီဇင်ဘာလ ၃၁ ရက်တွင် ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရပါတယ်။ ပြိုင်ပွဲကျင်းပရာတွင် အမျိုးသားပြိုင်ပွဲအတွက် မင်္ဂလာဒုံမြို့နယ်၊ ပြည်လမ်း ဘိုခြံမီးပွိုင့်မှ တာလွှတ်မည်ဖြစ်ပြီး အမျိုးသမီးပြိုင်ပွဲအတွက် ပြည်လမ်းလေဆိပ်လမ်းဆုံမှ တာလွှတ်မည်ဖြစ်ကာ အမျိုးသား၊ အမျိုးသမီး စက်ဘီးပြိုင်ပွဲ ဝင်များအနေနဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှေ့ ပြည်သူ့ရင်ပြင်သို့ စီးနင်း၍ ပန်းဝင်ရမှာဖြစ်ပါတယ်။ ဆုကြေးငွေအဖြစ် အမျိုးသားပြိုင်ပွဲအတွက် ပထမဆု ငွေကျပ်ငါးသိန်း၊ ဒုတိယဆု ငွေကျပ်သုံးသိန်း၊ တတိယဆု ငွေကျပ်နှစ်သိန်း၊ စတုတ္ထဆု ငွေကျပ်တစ်သိန်း၊ ပဉ္စမဆု ငွေကျပ်ခုနစ်သောင်းခွဲ၊ အမှတ်စဉ်(၆)မှ အမှတ်စဉ်(၂၅)အထိ ငွေကျပ် ငါးသောင်းစီနှင့် အမျိုးသမီးပြိုင်ပွဲအတွက် ပထမဆု ငွေကျပ်သုံးသိန်း၊ ဒုတိယဆု ငွေကျပ်နှစ်သိန်း၊ တတိယဆု ငွေကျပ်တစ်သိန်း၊ စတုတ္ထဆုနှင့် ပဉ္စမဆု ငွေကျပ်ခုနစ်သောင်းခွဲစီဖြင့် အမှတ်စဉ်(၆)မှ အမှတ်စဉ်(၂၀)အထိ ငွေကျပ်ငါးသောင်းစီ ချီးမြှင့်ပေးအပ်သွားမှာဖြစ်ပါတယ်။ ပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်လိုသူများအနေနဲ့ ဖုန်း-၀၉-၄၃၁၂၉၁၇၇၊ ၀၉-၄၂၀၁၆၃၃၄၈ နှင့် ၀၉-၅၁၁၁၄၀၃ တို့သို့ ဆက်သွယ်စာရင်းပေးသွင်းကာ လာရောက်ယှဉ်ပြိုင်နိုင်ကြောင်း သိရပါတယ်။ (NVS-004)

12 Dec

ADVERTISE HERE .